
ဉာဏ်စမ်းဂိမ်းတွေကို အေးအေးဆေးဆေး စဉ်းစားပြီး ကစားချင်သူ တွေအတွက် Sudoku ဆိုတဲ့ ကိန်းဂဏန်းတွေစဉ်းစားရတဲ့ ဂိမ်းအမျိုး အစားက လူသိများပါတယ်။ ဖုန်းတွေအတွက် Sudoku ဂိမ်း အက်ပလီ ကေးရှင်းတွေလည်း အမျိုးမျိုးထွက်ထားတဲ့အနက် ခက်ခဲလွန်းတာကိုမှ စဉ်းစားချင်သူတွေအတွက်တော့ Extreme Sudoku ဆိုတဲ့ဂိမ်းက သင့်တော်မှာဖြစ်ပါတယ်။
ဒီဂိမ်းထဲမှာ သာမန် ကိုးကွက်ပတ်လည် Sudoku ကိုမှ စဉ်းစားရ ခက်အောင်လုပ်ထားတဲ့ Level ငါးခုပါဝင်ပြီး Level တစ်ခုချင်းစီမှာ ဂိမ်း ၁၀၀ စီ ပါဝင်ပါတယ်။ အဲဒါတွေအပြင် အဆများစွာ ပိုခက်ခဲတဲ့ Cross, Jigsaw, Cross Jigsaw နဲ့ Inequality ဆိုတဲ့ အမျိုးအစား လေးမျိုးလည်း ထပ်မံပါဝင်ပြီး အမျိုးအစားတစ်ခုစီတိုင်းမှာလည်း Level ငါးခုစီနဲ့ ဂိမ်း ၅၀၀ စီ ပါဝင်ပါတယ်။ ဖိုင်အရွယ်အစားက 10 MB ပဲရှိပြီး အန်းဒရွိုက်ဗားရှင်း 4.1 ကစလို့ နောက်ပိုင်းထွက်ဖုန်းအားလုံးမှာ ကစားနိုင်တဲ့ ဒီဂိမ်းကို ပလေးစတိုးမှာ Extreme Difficult Sudoku 2500 Ohte Inc လို့ ရိုက်ရှာပြီး အခမဲ့ ရယူနိုင်ပါတယ်။ ကျော်ဇင်ဦး