ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ  နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

 

နေပြည်တော်  အောက်တိုဘာ  ၅


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်    ကုသရေးပစ္စည်းများအား   ရေကြောင်း၊  လေကြောင်း၊  ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ  နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။     ယင်းသို့ထုတ်ပေးရာတွင်   အောက်တိုဘာ  ၅  ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်   ကုမ္ပဏီ နှစ်ခုမှ  Covaxin 5ml Injection အခု ၂၀၀၊  Covid Test Kit အခု ၁၀၀၀၀။
ရန်ကုန်ဆိပ်ကမ်းများမှ  Medical Device အခု ၂၀၆၈၀၊ Oxygen Concentrator ၁၀၄ ခု၊ Oxygen Cylinder အခု ၄၉၀၊ Mask ၈၁၇  Kg၊ Flow Meter  ၅၃၄ ခု၊   Mask  ၄၀၀၀ နှင့်  ဆေးဝါးမျိုးစုံ  ၅၃ မျိုး ၁၇၇၅၃၂ ဒသမ ၇၇ Kg ။
နယ်စပ်(မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်)တွင် ကုမ္ပဏီ ခုနစ်ခုတို့မှ Mask ၄၉၂၀၀ Kg၊   Oxygen Concentrator  ခုနစ်ခု၊   Flow Meter/ Regulator ၂၄ ခု၊    PPE  အခု  ၃၀၀၀၊   Dead Body Bag ၉၀၀ Kg ၊ Disposable Cap ၃၇၅ Kg၊  Face Shield ၁၁၆၆ Kg၊  Distributer သုံးခု၊ Gloves ၁၅၈၂၆ Kg၊ Storage Container နှစ်ခု၊ Double Blood Bag အခု ၁၀၀၀၊ Bactrial & Vira Filter  ၁၀၀၀ Kg  တို့ကို ထုတ်ပေးခဲ့ ကြောင်း သတင်းရရှိသည်။                                        သတင်းစဉ်