ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှလွယ်ကူလျင်မြန်စွာ  တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

 

 

နေပြည်တော် အောက်တိုဘာ ၅


နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေးအတွက် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ်ဌာန များနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊   ဆိပ်ကမ်းများနှင့်  မူဆယ်နှင့် မြဝတီကုန်သွယ်ရေးစခန်း နှစ်ခုတို့မှ  တင်သွင်းရာ၌  ကုမ္ပဏီ နှစ်ခုမှ ယာဉ်စီးရေ လေးစီးဖြင့် အောက်ဆီဂျင်(အရည်)Storage Container နှစ်ခု၊ Oxygen (အရည်) Distributor သုံးခု၊ Oxygen အိုးခွံ ၄၉၀ ၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator)  ၁၀၄ ခု၊ Test Kit  ၁၀၀၀၀၊ လက်အိတ် ၁၆ တန်နှင့် နှာခေါင်းစည်း(Mask)  ၁၆ တန် တင်သွင်းခဲ့သည်။ 
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို   ပြည်ပမှတင်သွင်းရာတွင်   နှောင့်နှေးကြန့်ကြာမှုမရှိစေရေး အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း များ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာချက်များကို လည်း  အများပြည်သူသိရှိစေရန်  ဝန်ကြီးဌာန  Website ဖြစ်သည့် commerce. gov.mm တွင်  ဝင်ရောက်ကြည့်ရှုနိုင်ရေး  စီစဉ်ဆောင် ရွက်ပေးထားကြောင်း သိရှိရသည်။ 
သတင်းစဉ်