အာဖရိက၌ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၈ ဒသမ ၃၄ သန်းကျော်လွန်

 

 

အဒစ္စအဘာဘာ အောက်တိုဘာ ၅ 


အာဖရိကတွင်    အောက်တိုဘာ  ၅  ရက်   မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉  အတည်ပြုလူနာပေါင်း ၈၃၄၃၉၆၇ ဦး  ရှိလာ ခဲ့ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးဌာန (အာဖရိကစီဒီစီ) က ပြောသည်။ 
စီဒီစီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ပေါင်းမှာ၂၁၂၄၈၄ ဦး ရှိလာပြီဖြစ်ကြောင်းနှင့် ၇၆၈၇၉၃၈ဦး မှာ ကိုဗစ်-၁၉ ကင်းစင်သွားပြီဖြစ်ကြောင်း သိရသည်။ 
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် အီသီယိုပီးယား နိုင်ငံတို့သည်   ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှု   အများဆုံး နိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ပြောသည်။ 
တောင်အာဖရိကတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၉၀၆၈၅၁ ဦးဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံးစံချိန်တင်ဖော်ပြခဲ့ပြီး အာဖရိကမြောက်ပိုင်းနိုင်ငံဖြစ်သည့် မော်ရိုကိုနိုင်ငံတွင်    အောက်တိုဘာ ၅ ရက်က   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၉၃၅၅၆၀ ရှိကြောင်း သိရသည်။ 
တောင်အာဖရိကသည်  ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး၊ အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့ သည် ကူးစက်ဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်သည်။ အာဖရိက အလယ်ပိုင်းသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အနည်းဆုံး ဖြစ်ကြောင်း စီဒီစီ၏ထုတ်ပြန်ချက်အရ သိရသည်။ ဆင်ဟွာ