
ရန်ကုန် အောက်တိုဘာ ၃
ရန်ကုန် (ပန်းဆိုးတန်း-ဒလ) ကူးတို့သင်္ဘောဆိပ်ကမ်း၌ ခရီး သည်များ အဆင်ပြေစေရေး အတွက် ရေယာဉ်ခရီးစဉ်အချိန် နှင့်အခေါက်ရေများကို ပြောင်းလဲ ပြေးဆွဲ ပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင် ရေး(မြစ်၀ကျွန်းပေါ်ဌာနခွဲ) မှ သိရသည်။
ရန်ကုန်မြစ်အတွင်း ခရီးသည် များတင်ဆောင်၍ ချယ်ရီသင်္ဘော သုံးစင်းဖြင့် အလှည့်ကျပြေးဆွဲ ပေးလျက်ရှိရာ ရုံးဖွင့်ရက်တွင် အသွား အခေါက် ၃၀၊ အပြန် အခေါက် ၃၀၊ ရုံးပိတ်ရက်တွင် အသွားအခေါက် ၂၀၊ အပြန် အခေါက်၂၀ ပြေးဆွဲမည်ဖြစ်ပြီး ဒလဆိပ်ကမ်းမှ နံနက် ၅ နာရီခွဲမှ ညနေ ၆ နာရီခွဲ၊ ပန်းဆိုးတန်း ဆိပ်ကမ်းမှ နံနက် ၆ နာရီမှ ည ၇ နာရီအထိ ခေါက်ရေပြေးဆွဲပေး နေကြောင်း သိရသည်။ သင်္ဘော ခေါက်ရေ တိုးချဲ့ပြေးဆွဲမှုနှင့် ပတ်သက်၍ (ပန်းဆိုးတန်း-ဒလ)လက်မှတ်ရုံးများတွင် သင်္ဘော ထွက်ချိန်ဇယားနှင့်တကွ အသိ ပေးကြေညာထားကြောင်း သိရ သည်။ စီးပွားရေးမြို့တော်ရန်ကုန် မြို့သို့ ၀င်ထွက်သွားလာရာတွင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်အပါအ၀င်၊ ဒလမြို့နယ် နှင့် ဧရာ၀တီတိုင်းဒေသကြီး အတွင်းရှိ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ မှီခိုအားထားနေရ ကြောင်း သိရသည်။
အာကာစိုး