ပေါက်တောမြို့နယ်ရှိ IDPs စခန်း၌ ခိုလှုံနေသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

 

ပေါက်တော  အောက်တိုဘာ    ၃


ရခိုင်ပြည်နယ်      ပေါက်တော မြို့နယ်     အလယ်ဖရုံကာကျွန်းရှိ   မညင်းကိုင်း         ကျေးရွာအုပ်စု ကြိမ်နီပြင်  IDPs   စခန်းတွင် ခိုလှုံ နေသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက် (၄၅)   နှစ်အထက်နှင့်   အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အို များအား ဒုတိယအကြိမ် ကာကွယ် ဆေးကို      ယနေ့နံနက်ပိုင်းက     ဆက်လက်ထိုးနှံပေးသည်။


အဆိုပါ    IDPs     စခန်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုကို     ပေါက်တောမြို့ နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ  လာရောက်ကြည့်ရှုအားပေးခဲ့ကြ သည်။    ထိုသို့    ကာကွယ်ဆေး ထိုးနှံခြင်း   ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ်       ပြည်သူ့ ကျန်းမာရေး        ဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ် မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်း များက    ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ    ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊   သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ သွေးအတွင်း အောက်ဆီ ဂျင်       တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ပေးကြပြီး     ကာကွယ် ဆေး     ဆက်လက်ထိုးနှံပေးကြ သည်။    


ကြိမ်နီပြင်   IDPs    စခန်း၌ အမျိုးသား အမျိုးသမီး စုစုပေါင်း   ၁၂၁ ဦး ကာကွယ်ဆေးလာရောက် ထိုးနှံကြသည်။ ပေါက်တောမြို့ နယ်၌  ဆင်တက်မော်၊  အနောက်ရဲ၊  ကြိမ်နီပြင်၊  ငှက်ချောင်း  (၁)  နှင့်  ငှက်ချောင်း  (၂) စသည့်  IDPs  စခန်း   ငါးနေရာတို့အနက်   ဆင် တက်မော်၊ အနောက်ရဲနှင့် ကြိမ်နီ ပြင်စခန်းများတွင်  ထိုးနှံပေးခဲ့ပြီး   ကျန်ရှိ   IDPs  စခန်း နှစ်နေရာသို့    သွားရောက်ပြီး ဆက်လက်    ထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရှိသည်။


ကျော်သန်း(ပြန်/ဆက်)