ထားဝယ်ခရိုင် (၄) မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာသုံးစွဲနိုင်ရေး ကြည့်ရှုစစ်ဆေး

 

ထားဝယ်     အောက်တိုဘာ   ၃


တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်  ဒုတိယတိုင်းမှူးတို့နှင့်အတူ  အောက်တိုဘာ  ၂  ရက်  နံနက်ပိုင်းတွင်  ထားဝယ်မြို့နယ် ဖောင်းတောကြီး ကျေးရွာအုပ်စုရှိ ဖောင်းတောမီးစက်သို့ရောက်ရှိ၍  ကြည့်ရှုစစ်ဆေးသည်။


 

အဆိုပါ ဖောင်းတောမီးစက်သည် ဟိန္ဒားသတ္တု တွင်း    လုပ်ငန်းခွင်သို့      လျှပ်စစ်ဓာတ်အား ပို့လွှတ်နေသည့်   မီးစက်ဖြစ်ပြီး  ၁၉၃၆  ခုနှစ်တွင် စတင်တည်ဆောက်၍   ၁၉၃၉   ခုနှစ်တွင်   စတင် လည်ပတ်ခဲ့သော     ရေအားဖြင့်   လည်ပတ်သည့် တာဘိုင်       လျှပ်စစ်ဓာတ်အားထုတ်စက်ဖြစ်ပြီး တာဘိုင်    သုံးလုံးရှိသည့်အနက်    တစ်လုံးသာ လည်ပတ်လျက်ရှိသည်။ 


အဆိုပါ   တာဘိုင်  သုံးလုံးမှာ  နှစ်ပေါင်း (၈၀)ကျော်   ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက်  ယခုအခြေ အနေတွင်   စက်သုံးလုံး  စွမ်းအားပြည့်လည်ပတ် နိုင်ပါက  ၁ ဒသမ ၅  မဂ္ဂါဝပ်သာ ထွက်ရှိနိုင်ကြောင်း သိရှိရပြီး အဆိုပါမီးစက်ကို ပထမအဆင့် အဆင့်မြှင့်  တင်ပြီးပါက   လျှပ်စစ်ဓာတ်အား  ၁၅  မဂ္ဂါဝပ်အထိ ထွက်ရှိနိုင်သည့်အတွက် ထားဝယ်ခရိုင် (၄) မြို့နယ် အတွင်း ဈေးနှုန်းချိုသာစွာဖြင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ သုံးစွဲနိုင်မည်ဖြစ်သည်။


ထို့နောက်    တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖောင်းတောကြီးကျေးရွာသို့ ရောက်ရှိပြီး  ကျန်းမာ ရေးဦးစီးဌာနနှင့်    လူမှုရေး      အဖွဲ့အစည်းများ ပူးပေါင်းအဖွဲ့က    ကျေးရွာနေ     ပြည်သူများအား   ကိုဗစ်-၁၉     ရောဂါ    ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန    ထားဝယ်မြို့နယ်   ဦးစီးမှူး ရုံးမှ   ပန်းခင်းစီမံချက်ဖြင့်   အိမ်ထောင်စုလူဦးရေ စာရင်းများ၊     နိုင်ငံသားစိစစ်ရေး   ကတ်ပြားများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို      ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)