မတ္တရာမြို့နယ်၌ လီတာ ၄၀ ဆံ့အောက်ဆီဂျင်အိုး ၁၀ လုံး ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ရုံဖွင့်

 

မတ္တရာ  အောက်တိုဘာ ၃


မန္တလေးတိုင်းဒေသကြီး     မတ္တရာ မြို့နယ်တွင်     အောက်ဆီဂျင် လိုအပ်ချက်များ    ဖြည့်ဆည်းပေး နိုင်ရန်    အများပြည်သူ   လှူဒါန်း မှုဖြင့်    တည်ဆောက်ထားသော အောက်ဆီဂျင်   စက်ရုံဖွင့်ပွဲကို အောက်တိုဘာ ၃ ရက် နံနက်ပိုင်း က အမှတ် ၅ ရပ်ကွက်ရှိ အဆိုပါ  အောက်ဆီဂျင်စက်ရုံတွင်  ကျင်းပ သည်။


ရှေးဦးစွာ   ဆရာတော်   ၁၃ ပါးအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အရုဏ်ဆွမ်းနှင့်   လှူဖွယ်ပစ္စည်း များ    ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးများက အန္တရာယ် ကင်း ပရိတ်တရားတော်များချီးမြှင့် တော်မူခဲ့ကြသည်။     ထို့နောက် စက်ရုံတည်ဆောက်ရေး  လုပ်ငန်း အဖွဲ့   ဦးဇော်လင်းဦးက    စက်ရုံ တည်ဆောက်မှုများနှင့် ပတ်သက် ၍    ရှင်းလင်းလျှောက်ထားပြီး ဦးနောင်ရဲထက်ဆွေက အောက်ဆီ ဂျင်စက်   သယ်ယူ၊   တပ်ဆင်၊ လည်ပတ်မှု  အခြေအနေများကို ရှင်းလင်း    လျှောက်ထားခဲ့ကာ စက်ရုံ    တည်ဆောက်ရေးအဖွဲ့ နာယကဆရာတော်   ဒေါက်တာ ဘဒ္ဒန္တခေမိဿရက        စက်ရုံ ဆောက်လုပ်ရသည့်  အခြေအနေ များနှင့်  ပတ်သက်၍  ဆရာတော် ကြီးများအား ရှင်းလင်းလျှောက် ထားသည်။ ထို့နောက် ရွှေအုန်း ပင် ဆရာတော်ကြီးထံမှ ရေစက်ချ အနုမောဒနာတရားကို နာယူခဲ့ကြ သည်။ 


အဆိုပါ အောက်ဆီဂျင် စက်ရုံ ကို အမှတ်(၅)ရပ်ကွက် မန္တလေး-မိုးကုတ်ကားလမ်းဘေးတွင် တည် ဆောက်ထားပြီး   တစ်နာရီလျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၀ လုံး    ထုတ်လုပ်နိုင်မည်ဖြစ် သည်။ ယခုအခါ   အောက်ဆီဂျင် လိုအပ်ချက်အရ  တစ်နာရီလျှင် လေးအိုး       ထုတ်လုပ်နေပြီး လိုအပ်ချက်အလိုက် တိုးမြှင့်ထုတ် လုပ်မည်ဖြစ်ကြောင်းနှင့်   စက်ရုံ   ဖြစ်မြောက်ရေးအတွက် ငွေကျပ် သိန်း ၁၈၀၀ ကျော်ခန့်   ကုန်ကျ ခဲ့ကြောင်း     စက်ရုံတည်ဆောက် ရေးအဖွဲ့နာယက    တစ်ဦးထံမှ သိရသည်။ 


စက်ရုံ    ရေရှည်အသုံးပြု ထုတ်လုပ်နိုင်ရေးအတွက် မကြာမီ ရက်ပိုင်းအတွင်း   တည်ဆောက် ရေးအဖွဲ့မှ      ပြုပြင်ထိန်းသိမ်း ဖြန့်ဝေရေး  ကော်မတီထံသို့ လွှဲပြောင်း  ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။


စိုးကျော်သူထွေး(မတ္တရာ)