
ပြည် အောက်တိုဘာ ၃
မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် အောက်တိုဘာ ၂ရက် နံနက်က ပြည်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင် ၅၉ဦး တို့က ပြည်မြို့ ခုတင်(၅၀၀) ဆံ့ ဆေးရုံကြီးဝင်းအတွင်း၌ အမှိုက်များ၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးတို့က သွေး လှူဒါန်းခြင်းစသည့် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး တိုးလှိုင်၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်း နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးဒုရဲမှူး ဇော်လင်းသန့်တို့က ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
မင်းမင်းစိုး(ခရိုင်ပြန်/ဆက်)