
နေပြည်တော် စက်တင်ဘာ ၃
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော် မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ပြီး ဘက်စုံအလှူငွေ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ပန်းပေါင်းစုံဖြင့် ပြုလုပ်ထား သည့် မဟာမုနိဆင်းတုတော်မြတ်အား ဓမ္မဒါနအဖြစ် ပြန်လည်ပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မဟာ မုနိရုပ်ရှင်တော်မြတ်ကြီး၏ အနောက်ဘက်မုခ်၌ ဘုရားဖူးလာခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသ ဆိုင်ရာ အချက်အလက်များ သိရှိလိုမှုများကို မေးမြန်း စုံစမ်းနိုင်ရန်အတွက် ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိ သည့် Tourist Information Center ၌ လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် Virtual Reality Tour ပြခန်းမြေနေရာရရှိ နိုင်ရေး ညှိနှိုင်းဆောင်ရွက်သည်။
ထို့နောက် မန္တလေးမြို့ Pull Man Hotel အစည်း အဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ မန္တလေးဇုန်ရှိ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ် -၁၉ ကပ်ရောဂါနှင့် ယှဉ်တွဲပြီး ခရီးသွား လုပ်ငန်းပြန်လည်စတင်ရာတွင် ပြည်တွင်းခရီးစဉ် များကို အဓိကဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်း ခရီးသွားမြှင့်တင်ရာတွင် ခရီးသွားများသာမက ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများ အနေဖြင့်လည်း ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်လမ်းညွှန်ချက်များနှင့်အညီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင် ရွက်နေမှုကို ပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေး ရုပ်သံဗီဒီယို ရိုက်ကူးလျက်ရှိပါ ကြောင်း၊ အဆိုပါ ရုပ်သံဗီဒီယိုအား နိုင်ငံပိုင်မီဒီယာ များ၊ Conference နှင့် အစည်းအဝေးများတွင် ပြသ သွားရုံသာမက ဟိုတယ်များ၏ ဧည့်ခန်းမ၊ အစည်း အဝေးခန်းမ၊ စားသောက်ခန်းနှင့် အိပ်ခန်းအတွင်းရှိ တီဗွီများတွင်ပါ ပြသနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန မန္တလေးတိုင်းဒေသကြီး တာဝန်ခံညွှန်ကြား ရေးမှူးက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စစ်ဆေး၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်သည့် ဟိုတယ်များကို Enchanting Myanmar Health & Safety Protocol အစီအစဉ်အရ ဒေသအဆင့် အသိအမှတ်ပြုလက်မှတ်အားပေးအပ်ရာ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မန္တလေး ဇုန်) ဥက္ကဋ္ဌကိုယ်စား တာဝန်ရှိသူတစ်ဦးက လက်ခံ ရယူသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တွေ့ဆုံဆွေးနွေးပြီး မန္တလေးမြို့ ကောင်စစ်ဝန်ချုပ် Mr. Chen Chen နှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ကပ်ရောဂါ နှင့်ယှဉ်တွဲ၍ ဖြစ်နိုင်ချေရှိသည့် နည်းလမ်းများဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေ များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ပိုင်းတွင် ပြင်ဦးလွင်မြို့နယ် ဖောင်းတောကျေးရွာရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသည့် SITHAR COFFEE FARM သို့ သွားရောက်ကြည့်ရှုသည်။ အဆိုပါကော်ဖီခြံသည် ဧက ၄၀ ကျယ်ဝန်းပြီး ၂၀၁၇ ခုနှစ်မှ စတင်ကာ ထုပ်ပိုးမှုပုံစံအနေဖြင့် Fully Washes Process နှင့် Speciality Coffee ကို ထုတ်လုပ်ရောင်းချလျက်ရှိသကဲ့သို့ ကော်ဖီစိုက်ပျိုး ရေးလုပ်ငန်းနှင့်အတူ တောတွင်းခရီးသွားလာခြင်း၊ အပန်းဖြေအနားယူခြင်း၊ ငှက်ကြည့်ခြင်းစသည့် ခရီးစဉ်များ ဖွံ့ဖြိုးစပြုလာသည့်အတွက် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ ကြည့်ရှုလေ့လာစရာ ပိုမိုလာသည်နှင့်အမျှ နေထိုင်မှုကာလလည်း ရှည်ကြာခြင်း၊ ပိုမိုသုံးစွဲခြင်းများ ရှိလာမည်ဖြစ် ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေး
ထို့နောက် ပြင်ဦးလွင်မြို့ရှိ ဂန္ဓာမာမြိုင်နှင့် သီရိမြိုင် ဟိုတယ်များ၏ ခရီးသွားလုပ်ငန်း ပြန်လည် စတင်ချိန်တွင် အဆင်သင့်ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောက်လုပ် ဆောင်ရွက်မည့်အခြေ အနေများကို သွားရောက်စစ်ဆေးပြီးနောက် ရွှေနန်း ထိုက်ဟိုတယ်တွင် ပြင်ဦးလွင်မြို့ရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များနှင့် ခရီးသွား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ တွေ့ဆုံ ဆွေးနွေးသည်။
ထို့နောက် ပြင်ဦးလွင် ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စစ်ဆေး၍ ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်သည့် ဟိုတယ်များကို Enchanting Myanmar Health & Safety Protocol အစီအစဉ်အရ ဒေသအဆင့် အသိအမှတ်ပြုလက်မှတ် အား ပေးအပ်ရာ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုန်) ဥက္ကဋ္ဌက လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်