လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ထုတ်ပေး

 

ကျောက်မဲ   အောက်တိုဘာ  ၂


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်  စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၃၀ ရက်က   လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိပြီး   ခြေထောက်တစ်ဖက်ဆုံးရှုံးသွားသည့်   စည်ပင် သာယာရေးဝန်ထမ်းအား လူမှုဖူလုံရေးအကျိုးခံစားခွင့်  ခွင့်ပြုထုတ်ပေး ခြင်း အခမ်းအနားကို ကျင်းပသည်။


ယင်းနောက် ခရိုင်အလုပ်သမားဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူးဦးတင်စိုးနှင့်  မြို့နယ်၊  လူမှုဖူလုံရေးရုံးမှ  တာဝန်ရှိသူများက လုပ်ငန်းခွင်အတွင်း   ထိခိုက်ဒဏ်ရာရရှိခဲ့သည့်   စည်ပင်သာယာရေး ဝန်ထမ်း ဦးစိုးမြင့်အား အမြဲတမ်းမသန်စွမ်းမှု  လူမှုဖူလုံရေးအကျိုးခံစား ခွင့် ငွေလုံးငွေရင်း ခွင့်ပြုငွေကျပ် ၄၂၃၃၆၀၀ ကို ပေးအပ်သည်။


ကျောက်မဲမြို့နယ်တွင် လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့် အလုပ်ဌာန စုစုပေါင်း ၁၈၆ ခုရှိပြီး လူမှုဖူလုံရေးမှ  အာမခံအလုပ်သမား ပေါင်း ၂၅၃၁ ဦးရှိကြောင်း လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူ၏ ပြောကြား ချက်အရ သိရသည်။      

                           
 မိုင်းထွန်း (ပြန် /ဆက်)