
မောင်တော အောက်တိုဘာ ၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကညင်တန်းရပ်ကွက်ရှိ ဈေးရောင်း ဈေးဝယ် သူများတွင် ကိုဗစ်-၁၉ ပိုး ရှိ/ မရှိ RDT ဖြင့် အခမဲ့ ကွင်းဆင်းစစ်ဆေးခြင်း ကို အဆိုပါရပ်ကွက်ရှိ သတ်မှတ်စုရပ်နေရာ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကညင်တန်းရပ်ကွက်ရှိ ဈေးရောင်းဈေးဝယ်သူများနှင့် လမ်းသွားလမ်း လာပြည်သူများထဲမှ မိမိသဘောဆန္ဒအရ လာရောက်စစ်ဆေးခံသူများ အား စစ်ဆေးပေးခဲ့ရာ အမျိုးသား ၅၀ နှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၅၂ ဦးကို စစ်ဆေးပေးနိုင်ခဲ့ပြီး ၎င်းတို့တွင် ရောဂါပိုးမတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ပေးသည့်နေရာများတွင် ဌာန ဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြ သည်။
ခရိုင် (ပြန်/ဆက်)