ကချင်ပြည်နယ်အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပူတာအို-ပါအင်-တုံလီထုလမ်းပိုင်း ကွန်ကရစ်လမ်းခင်းမှု ၅၀ ရာခိုင်နှုန်းခန့်ပြီးစီး

 

ပူတာအို   အောက်တိုဘာ   ၂


ကချင်ပြည်နယ်   အစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်   အထွေ ထွေပိုလျှံရန်ပုံငွေ   GRF   နယ်စပ် ဒေသဖွံ့ဖြိုးရေး     ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်       ပူတာအို-ပါအင်-တုံလီထု       လမ်းပိုင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ကို        တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီက တာဝန်ယူ အကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိ ရာ      ယခုအခါလုပ်ငန်း၏    ၅၀ ရာခိုင်နှုန်းခန့်    ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။  


ယင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကချင်ပြည်နယ်အစိုးရ အဖွဲ့၏   နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှ အထွေထွေပိုလျှံရန်ပုံငွေ ကျပ်သန်းပေါင်း  ၃၅၃ ဒသမ ၂၀၀ ဖြင့်   ပူတာအို-  ပါအင်-  တုံလီ ထုလမ်းပိုင်း   လမ်းအရှည်တစ်မိုင် လေးဖာလုံအား အကျယ် ၁၂ ပေ နှင့်ခုနစ်လက်မထုဖြင့် ကွန်ကရစ် လမ်းခင်းခြင်းကို    ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။


အဆိုပါ      လမ်းပိုင်းသည်    လမ်းမိုင်အရှည်  ၁၄   မိုင်ရှိသည့် အနက်မှ      ဘဏ္ဍာနှစ်အလိုက်  ခွင့်ပြုရန်ပုံငွေများဖြင့် လမ်းအပိုင်း အလိုက်    လမ်းခင်းခြင်းလုပ်ငန်း များကို   အကောင်အထည်ဖော်   ဆောင်ရွက်ခဲ့ပြီး အဆိုပါ လမ်းပိုင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ပြီးစီးပါက   ကုန်ထုတ်လမ်းဖြစ် သည်နှင့်အညီ    ဒေသထွက်ကုန် များ  မြို့ပေါ်သို့  အချိန်မီပို့ဆောင် နိုင်မည်ဖြစ်ရာ       ဒေသအတွက်  လမ်းပန်းဆက်သွယ်ရေး       ပိုမို    ကောင်းမွန်လာမည့်         အပြင် ပူတာအိုမြို့နယ်အတွင်းရှိ ကောင် ကထောင်၊ ပါအင်၊ တုံလီထုရပ်ကွက် များနှင့် နမ်ထွမ်ခူး၊ နမ်ဇေကျေးရွာ များရှိ    ကျေးလက်နေပြည်သူများ ပညာရေး၊  ကျန်းမာရေးနှင့်   လူမှု စီးပွားဘဝ ယခင်ကထက်   ပိုမို ဖွံ့ဖြိုး      တိုးတက်လာမည်ဖြစ် ကြောင်း       ပူတာအိုခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရသည်။


ဖုန်ကန်(ပူတာအို)