ကျိုက်ဒုံမြို့၌ ကျေးရွာများမီးလင်းရေးအတွက် နေအိမ်သုံးဆိုလာပါဝါနှင့် ဆက်စပ်ပစ္စည်းများ အခမဲ့ပေးအပ်

 

ကျိုက်ဒုံ   အောက်တိုဘာ   ၂


ကရင်ပြည်နယ်  ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌  စက်တင်ဘာ ၂၉  ရက်က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  နယ်စပ်ဒေသဖွံ့ဖြိုးရေး  ရန်ပုံငွေဖြင့်     ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ကျေးရွာများ မီးလင်းစေရေး အတွက် နေအိမ်သုံး ဆိုလာပါဝါ ၈၆ စုံ ပေးအပ်ကြောင်း သိရသည်။


အဆိုပါ   ဆိုလာပါဝါများကို ကြာအင်းဆိပ်ကြီးမြို့နယ်  (န.တ.လ)        ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလင်းဇော်နှင့်  အဖွဲ့ များက ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများ၊  ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ၊  စာသင်ကျောင်းများ၊  ကျေးရွာစာကြည့်တိုက်များ နှင့်  ဆေးပေးခန်းများ မီးလင်းစေရေးအတွက် ဆိုလာပါဝါနှင့်    ဆက်စပ် ပစ္စည်းများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများထံ  လက်ဝယ်အရောက်    ပေးအပ်ခဲ့ပြီး Precision   Focus  ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးထွဋ်က ဆိုလာပါဝါ        အသုံးပြုရမည့် နည်းလမ်းများကို     ပြသကြောင်း သိရသည်။ 


သန်းထွန်းနိုင်(ကျိုက်ဒုံ)