ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အား/ကာသိပ္ပံကျောင်း မြေနေရာသတ်မှတ်နိုင်ရေး၊ အများပိုင်ဘိလပ်မြေစက်ရုံ တည်ထောင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်

 

မြစ်ကြီးနား အောက်တိုဘာ ၂


ကချင်ပြည်နယ်    အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်   ဖွံ့ဖြိုးတိုးတက်    လာစေရေးတို့ အတွက်   အောက်တိုဘာ  ၁  ရက်  က       ပြည်နယ်အားကစားနှင့် ကာယပညာ       သိပ္ပံကျောင်း မြေနေရာ    သတ်မှတ်နိုင်ရေး၊ အများပိုင်     ဘိလပ်မြေစက်ရုံ တည်ထောင်နိုင်ရေး ညှိနှိုင်းဆွေး နွေးခြင်းများ ဆောင်ရွက်သည်။


ရှေးဦးစွာ    နံနက်ပိုင်းတွင် ပြည်နယ်      အစိုးရအဖွဲ့ရုံး၌ ပြည်နယ်        ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်  ပြည်နယ် ဝန်ကြီးများ၊     ဌာနဆိုင်ရာများ ပါဝင်သည့် ပြည်နယ် အားကစား နှင့်    ကာယပညာသိပ္ပံကျောင်း ဖြစ်မြောက်ရေး      ကော်မတီ၊ လုပ်ငန်းကော်မတီ  အဖွဲ့ဝင်များ  နှင့်    တွေ့ဆုံပြီး ပြည်နယ် ဝန်ကြီးချုပ်က    မြေယာကိစ္စရပ် များနှင့် ပတ်သက်၍ အား/ ကာ သိပ္ပံကျောင်းမြေနေရာ အပြင်  ပြည်နယ်ဖွံ့ဖြိုးရေး     ရေရှည် အတွက် မျှော်မှန်းဆောင်ရွက် သွားရေး၊ လုပ်ငန်းများ လျင်မြန် စွာ       အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး       ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးသည်။


ယင်းနောက်  မွန်းလွဲပိုင်းတွင် အများပိုင်      ဘိလပ်မြေစက်ရုံ ဖြစ်မြောက်ရေး    ကော်မတီ၏ လုပ်ငန်းညှိနှိုင်း   အစည်းအဝေး ဆက်လက်ကျင်းပပြီး  ပြည်နယ် ဝန်ကြီးချုပ်က        ဘိလပ်မြေစက်ရုံ အမြန်ဆုံး   တည်ဆောက်‌သွားနိုင် ရေးအတွက်  မိမိတို့အစိုးရအဖွဲ့ အနေဖြင့်    လိုအပ်သည့်   ပံ့ပိုး ကူညီမှုများကိုသာ ဖြည့်ဆည်းပေး သွားမည်ဖြစ်ပြီး မိမိတို့ တိုင်းရင်း သားလုပ်ငန်းရှင်များက   ဦးစီး၍ ကုမ္ပဏီတစ်ခု   တည်ထောင်ပြီး စက်ရုံ  ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း   ဆောင်ရွက်ကြ ရေး မှာကြားသည်။


ဆက်လက်၍    ကော်မတီ အဖွဲ့ဝင်များနှင့်        အများပိုင် ဘိလပ်မြေစက်ရုံ ဖြစ်မြောက်ရေး အတွက် ကော်မတီမှ အများပိုင် ကုမ္ပဏီ တည်ထောင်ဆောင်ရွက် သွားမည့် အစီအစဉ်များ၊  စက်ရုံ တည်ဆောက်‌ရေးအတွက် လိုအပ် သည့်  ကနဦးစစ်ဆေးစမ်းသပ်မှု များနှင့်        ကုန်ကြမ်းရှာဖွေ   တင်သွင်းခွင့်ဆိုင်ရာ   ကိစ္စရပ်များ နှင့် ပတ်သက်၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ် များအပေါ်      ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးဆောင်ရွက်ကြသည်။


ပြည်နယ် ပြန်/ဆက်