
နေပြည်တော် အောက်တိုဘာ ၂
စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စားရေးအဆင်ပြေ စေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်း လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာ ရှင် အလှူရှင်တစ်ဦးက လှူဒါန်း သည့် ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများကို အောက်တိုဘာ ၁ ရက်နှင့် ယနေ့တွင် ကမ်းရိုး တန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် တာဝန်ရှိသူများ က ထားဝယ်မြို့နယ်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို လိုက်လံဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်