ပေါက်တောမြို့နယ်ရှိ IDPs စခန်း၌ ခိုလှုံနေသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

 

ပေါက်တော    အောက်တိုဘာ   ၂


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အလယ်ဖရုံကာ ကျွန်းရှိ    ဆင်တက်မော်ကျေးရွာ   IDPs  စခန်းနှင့် အနောက်ရဲ IDPs စခန်းတို့တွင် ခိုလှုံနေသူများအား  ယနေ့ နံနက် ၁ဝ နာရီက ဆီနိုဗက်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ဒုတိယအကြိမ်   စတင်ထိုးနှံပေးသည်။ 


အဆိုပါ IDPs စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံရာတွင်    ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကိုကို အောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်း များက  လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးကြပြီး     ကာကွယ်ဆေး   ထိုးနှံပေး ကြသည်။


ဆင်တက်မော် IDPs စခန်းတွင် ဆေးလာရောက် ထိုးနှံသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း  ၃၇၄   ဦး နှင့် အနောက်ရဲ IDPs စခန်းတွင် အမျိုးသား၊ အမျိုး သမီး  စုစုပေါင်း ၂၆၆   ဦးရှိကြောင်း  သိရသည်။ အလားတူ    ပေါက်တောမြို့နယ်ရှိ  ဆင်တက်မော် IDPs စခန်း၊ အနောက်ရဲ IDPs စခန်း၊ ကြိမ်နီပြင် IDPs စခန်း၊ ငှက်ချောင်း (၁) IDPs စခန်း၊ ငှက်ချောင်း (၂) စခန်း (၅) နေရာအနက်   ဆင်တက်မော် IDPs စခန်းနှင့် အနောက်ရဲ IDPs စခန်းတို့တွင် ထိုးနှံပေး ခဲ့ပြီး ကျန်ရှိ IDPs စခန်းသုံးနေရာသို့ သွားရောက်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။


မြို့နယ် (ပြန်/ဆက်)