
နေပြည်တော် အောက်တိုဘာ ၂
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေး ခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) မိုင်းဆတ်မြို့ရှိ မြို့မ ဘုန်းတော်ကြီးကျောင်း၊ ကောင်းမှု လျှံ ဘုန်းတော်ကြီးကျောင်း၊ ဆိုက်ခေါင် ဘုန်းတော်ကြီး ကျောင်း၊ ဝိန်းနေဘုန်းတော်ကြီး ကျောင်း၊ ကံ့ကော်မြိုင်ဘုန်းတော် ကြီးကျောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ကန်းညီနောင် ကျေးရွာ ကြံတိုင်းအောင်ပြည်လုံး ချမ်းသာကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး ရွှေပြည်သာမြို့ နယ် အမှတ် (၆) ရပ်ကွက်ရှိ ရွှေပြည်သာ ပရိယတ္တိစာသင် တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက်ရှိ မဟာသန္တိကရ ရန်အောင်မြင် ဆုတောင်းပြည့် တပ်ဦးစေတီနှင့် မန္တလေးတိုင်းဒေသကြီး အောင် မြေသာစံမြို့နယ် ရွှေကျင် ရမည်းသင်းကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် လှူဖွယ် ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်