ပဲခူးတိုင်းဒေသကြီး၌ ရက်သတ္တနှစ်ပတ်ကျော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ၂ ရာခိုင်နှုန်းခန့်အထိ ကျဆင်း

 

ပဲခူး အောက်တိုဘာ ၁


ပဲခူးတိုင်းဒေသကြီး   ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်  အရေး ပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂၁/၂၀၂၁)ကို    ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး   တော်ဝင်ဟံသာ အစည်း အဝေးခန်းမ၌   ယနေ့နံနက်ပိုင်းက  အွန်လိုင်းစနစ်ဖြင့်         ကျင်းပ သည်။


အစည်းအဝေးတွင် ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်     ဦးမျိုး ဆွေဝင်းက     နိုင်ငံတော်စီမံ   အုပ်ချုပ်ရေးကောင်စီ       ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်    အစိုးရအဖွဲ့၊ ဒုတိယဝန်ကြီးချုပ်၏    ကိုဗစ်-၁၉  ရောဂါ    ကာကွယ်၊   ထိန်းချုပ်၊ ကုသရေးဆိုင်ရာ      (၁၃)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေး      လမ်းညွှန်ချက်များကို ဖတ်ကြားရှင်းလင်းပြီး   အခြေခံ ပညာအလယ်တန်းနှင့်   အထက် တန်း   ကျောင်းသား   ကျောင်းသူ များအား    ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးဆီနိုဗက်   စတင် ထိုးနှံပေးတော့မည်ဖြစ်၍ စာသင် ကျောင်းများ   သန့်ရှင်းသပ်ရပ်စေ ရေး၊         ကျောင်းသုံး ပရိဘောဂ များ     ပြန်လည်ပြင်ဆင်ခြင်းနှင့်    ပိုးသတ်ဆေး    ဖျန်းခြင်းတို့ကို    ကြိုတင်ဆောင်ရွက်     ထားရန်၊  ကာကွယ်ဆေး ထိုးစုရပ်များအား   လုံခြုံရေးအမြင်ဖြင့် ဆောင်ရွက် သွားရန်၊  ပဲခူးတိုင်းဒေသကြီးသည် ကိုဗစ်-၁၉ရောဂါ    စစ်ဆေးမှု အများဆုံး       တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး       ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း    ၅  ရာခိုင်နှုန်း အောက် ၂ ရာခိုင်နှုန်းခန့်   ရက် သတ္တ နှစ်ပတ်ကျော်အထိရောက်ရှိ ကျဆင်းနေပြီ      ဖြစ်သော်လည်း     ကာကွယ်ထိန်းချုပ်ခြင်း  လုပ်ငန်း များကို   ပေါ့ဆ၍မရဘဲ အရှိန် အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် ရန်   ပြောကြားသည်။


ထို့နောက်  တောင်ပိုင်းတိုင်း စစ်ဌာနချုပ်    ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်   အောင်ခိုင်ချိုက အခြေခံလူတန်းစား  အိမ်ထောင်စု များ ထောက်ပံ့ပေးရေး၊ Stay at Home သတ်မှတ်  မြို့နယ်များ ဖြေလျှော့ပေးရေးနှင့်  ပြန်လည် ထူထောင်ရေး  လုပ်ငန်းစဉ်များကို လည်းကောင်း၊   တိုင်းဒေသကြီး ကျန်းမာရေး     ဦးစီးဌာနမှူး ဒေါက်တာသီဟက  Stay  at Home ဆိုင်ရာ သိရှိလိုက်နာရမည့် စည်းကမ်းချက်များနှင့်  ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ် များကိုလည်းကောင်း၊ တိုင်းဒေသ ကြီးပညာရေး  ညွှန်ကြားရေးမှူး က အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ‌ ကျောင်းသူများ ကာကွယ်ဆေး   ထိုးနှံနိုင်ရေး ဆောင်ရွက်မည့် အစီအမံကိုလည်း ကောင်း၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးက    အမျိုးသမီး ရေးရာနှင့်      မိခင်နှင့်ကလေး စောင့်ရှောက်ရေး    အသင်းအဖွဲ့ များမှ ပူးပေါင်းပါဝင်ဆောင်ရွက် မည့်        အခြေအနေများကို လည်းကောင်း၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက်ဆောင်ရွက်လျက် ရှိသည့်   ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊   ကုသရေး လုပ်ငန်းများနှင့် သီးခြားလိုအပ် ချက်များကိုလည်းကောင်း၊ တိုင်း ဒေသကြီးဝန်ကြီးများက ကိုဗစ်-၁၉ရောဂါ     ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအကြံပြုချက်များကို  လည်းကောင်းတင်ပြ ဆွေးနွေးကြရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားကြောင်း သိရ သည်။                      

ကိုကိုဇော်