ပြည်တွင်းနေရပ်စွန့်ခွာသူများ မိမိနေရပ်ဒေသများသို့ ပြန်လည်ရောက်ရှိပြီး နေထိုင်စားသောက်ရေးနှင့် အသက်မွေးဝမ်းကျောင်း အဆင်ပြေစေရန် ဆောင်ရွက်ပေးနေမှုများအား သတင်းပြန်ကြားရေးဆောင်ရွက်ပေးရန်အရေးကြီး

နေပြည်တော် စက်တင်ဘာ  ၃၀


ပြည်တွင်းနေရပ်စွန့်ခွာသူများ   ပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ (၁/၂၀၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို  ယနေ့နံနက်  ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့  ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ  သတင်းနှင့်  ပြန်ကြားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် အဖွဲ့ဝင်များ  တက်ရောက် ကြသည်။


ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေး  ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အဖွင့်အမှာ စကားပြောကြားရာတွင်       အကြောင်းအမျိုးမျိုးကြောင့် ယာယီခိုလှုံရာစခန်းများတွင်    ရောက်နေကြသော တိုင်းရင်းသားပြည်သူများအတွက် စခန်းများတွင် နေထိုင်စဉ်  မိသားစုစားဝတ်နေရေး၊  ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လိုအပ်ချက်များကို နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးနေကြောင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းက  ထောက်ပံ့ကူညီမှုများလည်းရှိကြောင်း၊  ၎င်းတို့ကို    မူလနေထိုင်ရာ    အရပ်ဒေသများသို့ ပြန်လည်ရောက်ရှိပြီး  နေထိုင်စားသောက်ခြင်းနှင့် အသက်မွေးဝမ်းကျောင်း    အဆင်ပြေမှုရှိစေရန် ဆောင်ရွက်ပေးနေကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပြည်နယ်အစိုးရများက ၎င်းတို့၏ မူလဒေသ တွင် ပျက်စီးနေသောနေအိမ်များ အသစ်ဆောက် လုပ်ပေးခြင်း၊    ပြန်လည်ပြုပြင်ပေးခြင်း၊   ရိက္ခာ ထောက်ပံ့ပေးခြင်း၊ အသုံးအဆောင်ပစ္စည်းထောက် ပံ့ပေးခြင်းများ    ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးနေမှုများကို   သက်ဆိုင်ရာ ကာယကံရှင်များ၊ ဒေသခံပြည်သူများနှင့် နိုင်ငံတကာ ကပါ သိရှိအောင်  သတင်းပြန်ကြားရေးဆောင်ရွက်ပေး ရန် အရေးကြီးကြောင်း၊ ပြည်တွင်း/ ပြည်ပမှ သိရှိစေ ရန်နှင့်  မဟုတ်မမှန်  ထုတ်လွှင့်ဖော်ပြနေကြသည့် အတွက်   သတင်းမီဒီယာများက မိမိတို့၏အမှန် တကယ် လုပ်ကိုင်ဆောင်ရွက်နေမှုများကိုသိရှိစေရန်    လုပ်ဆောင်ရမည်ဖြစ်ကြောင်း      ပြောကြားသည်။


ထို့နောက်  သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့်     အဖွဲ့ဝင်များက ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းများရယူထုတ်ပြန်နိုင်ရေး၊ အသိပညာပေး အစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေး၊  ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ 

သတင်းစဉ်