ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် စက်တင်ဘာ ၃ဝ


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ပစ္စည်းများကို လေကြောင်း၊   ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်း နိုင်ရေးအတွက်      အချိန်နှင့် တစ်ပြေးညီ   စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ   ယနေ့တွင်  ရန်ကုန် အပြည်ပြည်ဆိုင်ရာ    လေဆိပ်၊ ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် မြဝတီကုန်သွယ် ရေးစခန်း သုံးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ သုံးခုမှ ယာဉ်စီးရေ  ငါးစီး ဖြင့်   အောက်ဆီဂျင်(အရည်) Bowser ယာဉ် တစ်စီးဖြင့် တန် ၂၀ ၊ အောက်ဆီဂျင် (ဓာတ်ငွေ့) Bowser ယာဉ်တစ်စီးဖြင့် တန်၂၀၊ အောက်ဆီဂျင် (အိုးခွံ)  ၁၃၄၀၊ Oxygen Plant သုံးခု၊ အိမ်သုံး အောက်ဆီဂျင်စက်   (Oxygen Concentrator) ၁၉၉ ခု၊ PPE ဝတ်စုံ    ၂၀၀၀၀ ၊    လက်အိတ် ၀ ဒသမ ၁၇  တန်နှင့်   နှာခေါင်း စည်း (Mask) တစ်တန်တင်သွင်း ခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ ရန်ကုန် မြို့နှင့် အောက်ဆီဂျင် (ဓာတ်ငွေ့) Bowser ယာဉ်တစ်စီးမှာ ပြည်မြို့ တို့သို့ဖြစ်ပြီး Oxygen Plant သုံးခု မှာ   ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊      ကုသရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပမှတင်သွင်း ရာတွင်    နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာဌာန များနှင့်  ညှိနှိုင်းထားသည့်  SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေး   ကြေညာချက်များကို လည်း   အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန  Website ဖြစ်သည့် commerce.gov.mm   တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရ သည်။                    

သတင်းစဉ်