အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၈၇၀ ထပ်မံတွေ့ရှိ

နယူးဒေလီ    စက်တင်ဘာ    ၂၉


အိန္ဒိယနိုင်ငံ၌ စက်တင်ဘာ ၂၈ ရက်တွင် ကိုဗစ်-၁၉  ရောဂါကူးစက်ခံရသူ ၁၈၈၇၀ ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၃၃၇၁၆၄၅၁ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။


ထို့ပြင်  အိန္ဒိယနိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၇၈  ဦး ထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း  ၄၄၇၇၅၁ ဦးရှိလာကြောင်း သိရသည်။


အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးမှုအများဆုံးမှာ ကီရာလာပြည်နယ်တောင်ပိုင်းဖြစ်ကြောင်း   သိရ သည်။
အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာစုစုပေါင်း ၂၈၂၅၂၀ ရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌      လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၈၁၇၈ ဦးရှိခြင်း ကြောင့်  ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည်ကျန်းမာ လာသူစုစုပေါင်း ၃၂၉၈၆၁၈၀ ရှိလာကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်