ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့် ဆေးပစ္စည်းများ၊ ဆန်၊ ဆီများ၊ စားသောက်ကုန်များနှင့် အသား၊ ငါးများအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကား ရောင်းချပေးသည့် အစီအစဉ် တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်   စက်တင်ဘာ   ၂၉


ကိုဗစ်-၁၉ ရောဂါ  တတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း   ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်း ပေးနိုင်ရေး၊  ဆေးဝါးများ လွယ်လင့်တကူဝယ်ယူ နိုင်ရေး၊ အရည်အသွေးနှင့်  ဈေးနှုန်းမှန်ကန်စွာရရှိ စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ညွှန်ကြားချက်အရ    မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏      စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ်  ပန်းဘဲတန်းမြို့နယ်၊  ကုန်သည် လမ်းနှင့်   ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ      မြန်မာ အပြည်ပြည်ဆိုင်ရာ        ကုန်သွယ်မှုဗဟိုဌာန    အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ  လက်လီ လက်ကား     ဖြန့်ဖြူးရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင်   ဆက်လက်ဆောင်ရွက်ခဲ့ရာ   ဆေးနှင့် ဆေးပစ္စည်း          ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ကိုးခုမှ  အိမ်သုံးဆေးဝါး ၁၁၂   မျိုး ရောင်းချပေးခဲ့ သည်။
အလားတူ   ပထမအစီအစဉ်အဖြစ်  ဖွင့်လှစ် ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ် ကမ်းနား လမ်း လွတ်လပ်ရေးရပ်ကွက် အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း    ၃၃ ရက်နေ့အဖြစ်    ယနေ့တွင် ဆက်လက်ရောင်းချပေးခဲ့သည်။


ရောင်းချပေး


ထို့ပြင်   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံ   ဆန်စပါးကုန်သည်ကြီးများအသင်း တို့၏စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်လည်း ရွေ့လျားဈေးကားဖြင့် ဆန်၊ ဆီများ၊ စားသောက်ကုန်များနှင့် အသား၊ ငါးများကို ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်