
စစ်ကိုင်း စက်တင်ဘာ ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)တို့တွင် ယမန်နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်တားဆီး စီမံခန့်ခွဲရေးအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။
တက်ရောက်
အခမ်းအနားသို့ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒီဂရီကောလိပ် (စစ်ကိုင်း) ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သဘာဝ ဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် မီးငြှိမ်း သတ်ရေး အသိပညာပေးဟောပြောခြင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်ရှိ သဘာဝဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဖွဲ့စည်းထားသော Rescue Team အဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင် များပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေး၊ မီးငြှိမ်းသတ်ရေး၊ ရှေးဦးသူနာ ပြုစုခြင်းနှင့် လူနာများရွှေ့ထုတ်ခြင်း စသည်တို့ကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။
ဖွဲ့စည်းထား
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)နှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၃၀ တို့တွင် ဆရာ ဆရာမများ ကြီးကြပ်လျက် ကျောင်းသား ကျောင်းသူများဖြင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ (Rescue Team)များကို အင်အား ၂၃၀၀ ဖြင့် ဖွဲ့စည်းထားပြီး သဘာဝဘေးအန္တရာယ်ကျရောက် သည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်း များ သွားရောက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်