
ညောင်ဦး စက်တင်ဘာ ၂၉
အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၅၇) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် စက်တင်ဘာ ၂၉ ရက်က ပုဂံမြို့ဟောင်းရှိ ကျန်စစ်သားမင်းကြီး၏ ကောင်းမှု တော် အာနန္ဒာဘုရားဝင်းအတွင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ညောင်ဦးခရိုင် ရဲတပ်ဖွဲ့ နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ဦးဆောင်ကာ ညောင်ဦးမြို့နယ် အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ် ကြသည်။
အဆိုပါ အာနန္ဒာဘုရားကြီး ပရိဝုဏ်အတွင်း သန့်ရှင်းရေး စုပေါင်းပြုလုပ်ရာသို့ ညောင်ဦး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးခိုင် ဝင်း၊ ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး မြအောင် နှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးပြီး တပ်ရင်းတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၆၅ ဦးတို့က စုပေါင်းကာ သန့်ရှင်းရေးပြုလုပ် ကြကြောင်း၊ ဆက်လက်၍ ရွှေစည်းခုံဘုရား၊ ထီးလိုမင်းလို ဘုရား၊ ဓမ္မရံကြီးဘုရားတို့တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြ မည်ဖြစ်ကြောင်းလည်း သိရသည်။
မောင်မောင်ထိန်
(ကျောက်ပန်းတောင်း)