အိမ်မဲမြို့နယ်၌ မိုးစပါးမျိုးသန့်ထုတ်တောင်သူများအား ဓာတ်မြေသြဇာများ ထောက်ပံ့

 

အိမ်မဲ   စက်တင်ဘာ   ၂၉


ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်အတွင်း မှ မိုးစပါး  မျိုးသန့်မျိုးစေ့ထုတ် တောင်သူများ အား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဓာတ်မြေသြဇာများကို  စက်တင်ဘာ  ၂၈ ရက် က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး   အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်သည်။


ထောက်ပံ့ပေးအပ်ပွဲတွင်     မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးခိုင်ထွန်းဇော်က အမှာစကားပြောကြားပြီး       မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ    ဒေါ်အေးအေးမြင့်နှင့် မြို့နယ်ဦးစီးမှူး      ဦးတင်မောင်ဦးတို့က လယ်ယာကဏ္ဍ      ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ဘဝ   မြှင့်တင် နိုင်ရေးရည်ရွယ်ပြီး    မျိုးသန့်မျိုးစေ့များ ထုတ်လုပ်လျက်ရှိရာတွင်   အရည်အသွေး ပြည့်ဝကာ   အထွက်နှုန်း    တိုးတက်စေရန် အတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ဓာတ်မြေသြဇာသုံးစွဲမှုကြောင့် ရရှိမည့် အကျိုး ကျေးဇူးများကို     ရှင်းလင်းပြောကြားကာ ကျေးရွာအုပ်စု ၂၁   အုပ်စုမှ   မျိုးစေ့ထုတ် တောင်သူ ၆၉ ဦး၏ စိုက်ပျိုးဧက ၁၄၀ အတွက် ပုလဲဓာတ်မြေသြဇာများကို တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။ 


အိမ်မဲမြို့နယ်၌ သီးထပ်ရင်၊   ဆင်းသုခ၊ ဧရာမင်း၊ ပေါ်ဆန်းရင်၊ နှံကား၊ ကောက်ညှင်း၊ ငစိန် စသည့် မိုးစပါးများကို စိုက်ဧကပေါင်း ၁၄၃၀၁၀ စိုက်ပျိုးထားရှိပြီး ဒေသခံတောင်သူ များအနေဖြင့်  မျိုးသန့်မျိုးစေ့ထုတ်လုပ်မှု ဆောင်ရွက်လိုပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် လိုအပ်သည့်နည်းပညာများ  ရယူနိုင် ကြောင်းနှင့် ဌာနက  ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦးက  ပြောသည်။ 


ချစ်သက်လယ်
(ပြန်/ဆက်)