ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

 

နေပြည်တော်   စက်တင်ဘာ     ၂၉


တိုင်းစစ်ဌာနချုပ်    နယ်မြေအသီးသီးရှိ      အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ  ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ် မှု ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက် ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီး ချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါ နေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့   ဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်  အဖွဲ့ဝင်များသည်   ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နှင့် မိုင်းယောင်းမြို့တို့ရှိ  နယ်မြေခံတပ်ရင်းများတွင်    စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများကို လည်းကောင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့်အဖွဲ့ဝင်များသည် မြောက်ဦးတပ်နယ်ရှိ နယ်မြေခံ တပ်ရင်းများတွင်   DYL  ဝက်မွေးမြူရေးလုပ်ငန်း၊ အသားတိုး  ကြက်မွေးမြူရေးလုပ်ငန်းနှင့် ဥစားကြက် မွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း သွားရောက်ကြည့်ရှုပြီး  တာဝန်ရှိသူများနှင့်  တွေ့ဆုံ ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်