
နေပြည်တော် စက်တင်ဘာ ၂၉
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေရန်အတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကို တွေ့ဆုံ အားပေးစကားပြောကြားပြီး ချီးမြှင့်ငွေကျပ် သိန်း ၂၀ ၊ ဆေးရုံကြီး၌ အောက်ဆီဂျင်စက်ရုံတည်ဆောက် ရန်အတွက် အလှူငွေကျပ်သိန်း ၁၀၀ နှင့် ကျန်းမာ ရေး အထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ကလေးဝမြို့နယ် မဟာမြိုင်တောရသဲဖြူဆရာတော် ဘုရားကြီး ဘဒ္ဒန္တပညာဇောတနှင့် အလှူရှင်များက စုပေါင်းလှူဒါန်းထားသည့် အောက်ဆီဂျင်စက်ရုံ စတင်ထုတ်လုပ်လည်ပတ်နေမှုများနှင့် ကလေးမြို့ ပင်လုံရပ်ကွက်ရှိ ပင်လုံတပ်ဦးပရိယတ္တိစာသင်တိုက် တွင် ကလေးမြို့ မြို့မိမြို့ဖများနှင့် ပြည်သူလူထုများ က စုပေါင်းလှူဒါန်းထားသည့် အောက်ဆီဂျင်စက် ရောက်ရှိမှုနှင့် တပ်ဆင်လည်ပတ်ထုတ်လုပ်နေမှုများ ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန် ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်