ငွေကြေးလိမ်လည်ခံရမှုကြောင့် နေရပ်သို့ပြန်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား သုံးဦး နိုင်ငံတော်အစိုးရကကူညီခေါ်ဆောင်၊ ကျန်ရှိနေသူများကို ထပ်မံခေါ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိ

 

နေပြည်တော် စက်တင်ဘာ  ၂၉


ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိ နေပြီး မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာလာနိုင်ရန် အခက်အခဲ ဖြစ်ပေါ်နေသည့်  နိုင်ငံသားများ ကို  ၎င်းတို့နေရပ်သို့  အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရေးအတွက် လိုအပ်သည့်      ကူညီမှုများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဖြင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော် ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေး များတွင်      လမ်းညွှန်မှာကြား ခဲ့သည်။


ထိုသို့ လမ်းညွှန်မှာကြားချက် နှင့်အညီ   ပြည်ပရောက်  မြန်မာ နိုင်ငံသားများကို     နေရပ်သို့ ပြန်လည်ရောက်ရှိနိုင်ရေး ဆောင် ရွက်ပေးလျက်ရှိရာ   မလေးရှား နိုင်ငံသို့ ရောက်ရှိနေပြီး ငွေကြေး လိမ်လည်ခံခဲ့ရသည့် မြန်မာနိုင်ငံ သား ၁၇ ဦးကို မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးတို့မှ တာဝန်ရှိသူများ၏ ကူညီဆောင် ရွက်ပေးမှုများကြောင့် စက်တင် ဘာ ၆ ရက်နှင့် ၂၀ ရက်တို့တွင် အသုတ်လိုက်      မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်ခဲ့သည်။


အလားတူ မလေးရှားနိုင်ငံ ရောက် မြန်မာနိုင်ငံသား ခြောက် ဦးသည်လည်း   မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် တရားမဝင်  လမ်းကြောင်းဖြင့် ဆက်သွယ်      ဆောင်ရွက်ခဲ့စဉ် ငွေကြေးလိမ်လည်ခြင်း   ခံခဲ့ရ သဖြင့်  အခက်အခဲဖြစ်ပေါ်လျက် ရှိကြောင်း   လူမှုကူညီရေးအသင်း အဖွဲ့များမှတစ်ဆင့် မလေးရှား နိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးသို့  စက်တင်ဘာ ၁၃ ရက်တွင် ဆက်သွယ်လာခဲ့သည်။

 
ထိုသို့        ဆက်သွယ်လာမှု ကြောင့်    မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့်      မြန်မာ စစ်သံရုံးတို့မှ တာဝန်ရှိသူများက အဆိုပါ       မြန်မာနိုင်ငံသား ခြောက်ဦးထံမှ ငွေကြေးလိမ်လည် သွားခဲ့သူကို    ဖမ်းဆီးရမိရေး မလေးရှားနိုင်ငံ ရဲသတင်းတပ်ဖွဲ့ နှင့်   ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၎င်းတို့ လိမ်လည်ခြင်းခံခဲ့ရသည့် ငွေကြေးများကို ပြန်လည်ပေးအပ် ခြင်း၊   မြန်မာနိုင်ငံသို့  ပြန်လည် ထွက်ခွာနိုင်ရေး      မလေးရှား နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် မလေးရှားနိုင်ငံမှ ဌာနဆိုင်ရာများနှင့်  လိုအပ်သည့် ညှိနှိုင်းစစ်ဆေးမှုများ ပြုလုပ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။ 


ယင်းသို့   ဆောင်ရွက်ပေးခဲ့ သည့် မြန်မာနိုင်ငံသား ခြောက်ဦး အနက် သုံးဦးကို ယနေ့ မွန်းလွဲပိုင်း တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံ သို့   အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်းလိုင်း   (MAI) ၏ ကယ်ဆယ်ရေးလေယာဉ် (Relief Flight)ဖြင့် ပြန်လည်ခေါ်ဆောင် ပေးခဲ့ရာ     ညနေ    ၅   နာရီခန့် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်းနှင့် ပြန်လည်ရောက်ရှိရန်   ကျန်ရှိသူ သုံးဦးကို    အမြန်ဆုံးပြန်လည် ခေါ်ဆောင်နိုင်ရေး    လိုအပ်သည့် ညှိနှိုင်းမှု၊        စစ်ဆေးမှုများ ဆက်လက်  ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ 


နိုင်ငံတော် အစိုးရအနေဖြင့် အကြောင်း     အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် ရန်    အခက်အခဲရှိနေသူများကို လိုအပ်သည့်ကူညီမှုများ  ဆောင် ရွက်ပေးလျက်   ရှိသည့်အတွက် ပြန်လည်ရောက်ရှိရန်    အခက် အခဲ ဖြစ်ပေါ်နေသူများအနေဖြင့် သက်ဆိုင်ရာ      နိုင်ငံအလိုက်ရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့     ဆက် သွယ်   ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။    
   

သတင်းစဉ်