စည်းလုံးညီညွတ်ပြီး တုံ့ပြန်မှုအားကောင်းသော အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး၌ မြန်မာနိုင်ငံက ဆက်လက်ပါဝင်ကူညီသွားမည်

 

နေပြည်တော် စက်တင်ဘာ ၂၉


၂၀၂၁ ခုနှစ်   အာဆီယံအလှည့်ကျဥက္ကဋ္ဌ  ဘရူနိုင်း ဒါရူဆလမ်နိုင်ငံက ကြီးမှူးကျင်းပသည့် အာဆီယံ လူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာဝန်ကြီး များ အစည်းအဝေးကို  ယနေ့ နံနက် ၈  နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ 


ပါဝင်တက်ရောက်


အစည်းအဝေးသို့     မြန်မာနိုင်ငံ   အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဝန်ကြီး ဖြစ်သူ   သာသနာရေးနှင့်    ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်၍ ဒုတိယ ဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီး ဌာန   ညွှန်ကြားရေးမှူးချုပ်   မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့် မြင့်အရာရှိကြီး  ဦးအောင်မြင့်နှင့် မြန်မာကိုယ်စား လှယ်အဖွဲ့တို့သည်  နေပြည်တော်ရှိ  သာသနာရေး နှင့်  ယဉ်ကျေးမှုဝန်ကြီးဌာနမှ   ပါဝင်တက်ရောက် ကြသည်။
ပူးပေါင်းဆောင်ရွက်
အစည်းအဝေးတွင်   ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ယဉ်ကျေးမှု၊   လူငယ်နှင့်   အားကစားဝန်ကြီးဌာန ဝန်ကြီး H.E. Dato Haji Aminuddin က သဘာပတိ အဖြစ်    ဆောင်ရွက်ပြီး    ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၀၂၁ ခုနှစ်အတွင်း ချမှတ်ထားသော Theme ဖြစ်သည့် We Care, We Prepare, We Prosper ဟူသည့် ဆောင်ပုဒ်နှင့်အညီ အာဆီယံပြည်သူများအကြား ဒေသတွင်း ရင်ဆိုင်နေ သည့် စိန်ခေါ်မှုများနှင့် ကွာဟချက်များကို အာဆီယံ လူမှု​ရေး-ယဉ်ကျေးမှုအသိုက်အဝန်းရှိ   အစုအဖွဲ့ များက အောင်မြင်စွာ အကောင်အထည်ဖော်ဆောင် နိုင်ခဲ့ကြသကဲ့သို့     ဆက်လက်၍လည်း   တားဆီး ကာကွယ်ရေးဆိုင်ရာ ယဉ်ကျေးမှု(Culture of Pre-vention-CoP)နှင့် အာဆီယံဆိုင်ရာ အတွေးအမြင် များ၊ ကြံ့ကြံ့ခံနိုင်မှုရှိခြင်းနှင့် အပြန်အလှန်နားလည် မှုများကို    မြှင့်တင်စေရေး   အာဆီယံမဟာဗျူဟာ မူဝါဒဆိုင်ရာမူဘောင်တို့ကို  စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု    အားကောင်းစေရေးနှင့်     အောင်မြင်မှုရရှိနိုင်ရေး တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက် အကောင် အထည်ဖော်ဆောင်ရန် လိုအပ်ပါကြောင်း အဖွင့်အမှာ စကားပြောကြားသည်။


အဆိုပါအစည်းအဝေး၌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ယဉ်ကျေးမှု၊    လူငယ်နှင့်  အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် H.E. Mrs. Hajah Nor Ashikin Binti Haji Johari က  (၃၁)ကြိမ်မြောက် အာဆီယံ လူမှုရေး- ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့် မြင့်    အရာရှိကြီးများအဆင့်     အစည်းအဝေးဆိုင်ရာ အစီရင်ခံစာကို တင်ပြခဲ့သည်။


ဆက်လက်အကောင်အထည်ဖော်


 အစည်းအဝေး၌ အာဆီယံ လူမှုရေး - ယဉ်ကျေး မှု  အသိုက်အဝန်း၏   ဆောင်ရွက်လျက်ရှိသည့် ရှိရင်းစွဲလုပ်ငန်းများကို ဆန်းသစ်နိုင်ရေး၊ အာဆီယံ မဏ္ဍိုင် ၃ ရပ်  အချင်းချင်းကဏ္ဍအလိုက် ပေါင်းစပ် ညှိနှိုင်းမှု  အားကောင်းစေရေး ရည်မှန်း၍   အာဆီယံ ၏       အနာဂတ်ပြင်ဆင်ထားရှိနိုင်ရေး၊      အာဆီယံ ဒေသအတွင်း     ရေရှည်ကြွယ်ဝပြည့်စုံမှု    တိုးတက် မြင့်မားစေရေးနှင့် အာဆီယံပြည်သူများအားလုံး၏ ကောင်းကျိုးအတွက်   ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့်    အခွင့်အလမ်းများ   ဖန်တီးနိုင်ရေးစသည့် မျှော်မှန်းချက်များနှင့်အညီ အာဆီယံ၏ အရေးပေါ် အခြေအနေများနှင့်   သဘာဝဘေးအန္တရာယ်များ တုံ့ပြန်မှုများကို ချိတ်ဆက် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဘန်ဒါဆရီဘီဂါဝန် ကြေညာချက် (Bandar  Seri  Begawan  Declaration)၊    ၂၀၂၅ အလွန်    အာဆီယံအသိုက်အဝန်း   အခြေပြမြေပုံ အတွက် အာဆီယံအသိုက်အဝန်း ရည်မှန်းချက်အရ အာဆီယံလူမှုရေး - ယဉ်ကျေးမှု  အသိုက်အဝန်းရှိ လုပ်ငန်းအစုအဖွဲ့များ၏ ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်း၍ လုပ်ငန်းစဉ်များ တိုးတက်ရေးအားကောင်း စေရန်အတွက် ရည်မှန်းသည့်  ဟနွိုင်းကြေညာချက် (Ha Noi Declaration) အပေါ် ဆက်လက်အကောင် အထည်ဖော်    ဆောင်ရွက်မည့်   အခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်။


အာဆီယံ-မဟာဗျူဟာမူဘောင်


ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန် ယူစဉ်     ၂၀၂၁  ခုနှစ်အတွင်း    ဦးစားပေးနယ်ပယ် များဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွား ရေး ပြန်လည်ထူထောင်နိုင်ရေးနှင့် နည်းပညာဆိုင်ရာ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့အပြင် သမားရိုးကျမဟုတ်သော   စိန်ခေါ်မှုများကို  ဖြေရှင်း ရေး၊ ဒစ်ဂျစ်တယ်နည်းပညာများနှင့် သတင်းအချက် အလက်ဆက်သွယ်ရေးအသုံးချမှု ပိုမိုမြင့်မားနိုင်ရေး စသည့်လုပ်ငန်းစဉ်များ ပါဝင်သော Care Economy ဆိုင်ရာမူဘောင်၊ အာဆီယံပြည်သူများအကြား ဒေသ ဆိုင်ရာ    အတွေးအမြင်များ၊    ကြံ့ကြံ့ခံနိုင်မှုရှိခြင်း နှင့် အပြန်အလှန်နားလည်မှုများကို  မြှင့်တင်စေရေး အာဆီယံ-မဟာဗျူဟာမူဘောင်တို့ကို ဆွေးနွေးကြ သည်။


ပူးတွဲကြေညာချက်အတည်ပြု


ဆက်လက်၍   လူငယ်များကဏ္ဍ၊   ပညာရေး ကဏ္ဍ၊    ကျန်းမာရေးကဏ္ဍ၊     သတင်းအချက်အလက် နှင့်  သတင်းမီဒီယာများမှတစ်ဆင့်  ယဉ်ကျေးမှုနှင့် ငြိမ်းချမ်းရေး    ဖန်တီးတည်ဆောက်ခြင်းကဏ္ဍတို့ ကို   မြှင့်တင်ပေးရေး၊  ဘရူနိုင်းဒါရူဆလမ်နိုင်ငံတွင် အာဆီယံဒေသတွင်း  ရာသီဥတုပြောင်းလဲမှုစင်တာ (ASEAN Climate Change Centre)တည်ထောင်ခြင်း အတွက် လုပ်ဆောင်နေသည့် ဒေသတွင်းစီမံချက်များ အသီးသီးတွင်   အာဆီယံ  လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း၏ အစုအဖွဲ့များက ဆောင်ရွက်ချက် များ အောင်မြင်မှုရရှိရေး၊ ဆင်းရဲမွဲတေမှု ပပျောက် ရေး၊ ကျား/မတန်းတူဖော်ဆောင်ရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်း၊ အားကစား၊  လူငယ်ဖွံ့ဖြိုးရေးနှင့် သတင်း အချက်အလက် အသိပညာပေးရေး စသည့် လုပ်ငန်း စဉ်များ   ပါဝင်သည့်    ပူးတွဲကြေညာချက် (Joint Statement )ကို အတည်ပြုခဲ့ကြသည်။


ထို့နောက် (၃၈) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့   တင်သွင်းရန်  အတည်ပြုမည့် မှတ်တမ်းမှတ်ရာ ခုနစ်ခု၊ မှတ်တမ်းတင်မည့်မှတ်တမ်း မှတ်ရာ ၁၉ ခု နှင့် ၂၄ ကြိမ်မြောက် အာဆီယံအပေါင်း သုံးထိပ်သီးအစည်းအဝေးသို့ တင်ပြရန် အတည်ပြု မည့်  မှတ်တမ်းမှတ်ရာ တစ်ခုနှင့် (၁၆)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့   တင်ပြရန် အတည်ပြုမည့်     မှတ်တမ်းမှတ်ရာ တစ်ခု   စသည့် လုပ်ငန်းစဉ်တို့ကို ဆွေးနွေးခဲ့ကြသည်။


မြန်မာနိုင်ငံ  အာဆီယံ  လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က  ၂၀၂၁  ခုနှစ်၌   အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရသည့်  ဘရူနိုင်းဒါရူဆလမ် နိုင်ငံ၏ ကြိုးပမ်းမှုများနှင့် အောင်မြင်မှုများအတွက် ဂုဏ်ယူပါကြောင်း၊   စည်းလုံးညီညွတ်ပြီး   တုံ့ပြန်မှု အားကောင်းသော အာဆီယံအသိုက်အဝန်း တည် ဆောက်ရေး၌ မြန်မာနိုင်ငံက ဆက်လက်ပါဝင်ကူညီ သွားမည်ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပေးမှုအနေဖြင့် အသက် ၁၈ နှစ် အထက်အတွက်  ထိုးနှံရမည့်အကြိမ်ရေ  စုစုပေါင်း ၆၈ သန်း ဖြစ်ရာ ၇ ဒသမ ၅ သန်း ထိုးနှံခဲ့ပြီးဖြစ်ပါ၍ လူဦးရေ၏ ၇ ရာခိုင်နှုန်းအား အကြိမ်ပြည့် ကာကွယ် ဆေးထိုးနှံပြီး    ဖြစ်ပါကြောင်း၊   ယခုနှစ်ကုန်ပိုင်း တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လွှမ်းခြုံမှု ၅၀ ရာခိုင်နှုန်းရရှိစေရေး မျှော်မှန်း၍ ဆောင်ရွက် လျက်ရှိပြီး   ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ၊ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ  ထောက်ပံ့မှုများကို  အာဆီယံအပါအဝင် ဆွေးနွေးဖက်နိုင်ငံအသီးသီးမှ ပေးပို့လှူဒါန်းမှုများ ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် မြန်မာ နိုင်ငံအတွက်  အာဆီယံယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေး မူဘောင်နှင့် ရလဒ် များတိုင်းတာမှုတို့  ဆောင်ရွက်နိုင်ရေး  နည်းပညာ အကူအညီများနှင့်   သင်တန်းများပို့ချမှုတို့အတွက် ပံ့ပိုးပေးသည့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ၂၀၂၂ ခုနှစ် တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘောဒီးယား နိုင်ငံအား      ကြိုဆိုဂုဏ်ပြုပါကြောင်း    ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။            

သတင်းစဉ်