
စက်တင်ဘာ ၁၄ ရက်က အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သော Apple Online Event တွင် ထုတ်ကုန်သစ်များဖြစ်သည့် iPhone 13 ဖုန်းစီးရီး များ၊ iPad နှင့် iPad Mini တက်ဘလက်များနှင့် စမတ်နာရီအသစ်ဖြစ်သည့် Apple Watch 7 တို့ကို မိတ်ဆက်ပြသခဲ့သည်။
iPhone 13 စီးရီး
ဖုန်းအသစ်မိတ်ဆက်ရာတွင် iPhone 13 စီးရီးထဲတွင် ပါဝင်သည့် iPhone 13, iPhone 13 Mini, iPhone 13 Pro, iPhone 13 Pro Max ဖုန်းများကို မိတ်ဆက်ခဲ့သည်။ iPhone 13 နှင့် 13 mini အတွက် A15 Bionic Processor အသစ်ကို အသုံးပြုထားသဖြင့် စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်သလို ကင်မရာပိုင်းတွင် Cinematic Mode အပါအဝင် ထူးခြားသောလုပ်ဆောင်ချက်များကြောင့် စိတ်ဝင်စားမှုများခဲ့သည်။ သို့သော် ဒီဇိုင်းပိုင်းတွင် ပြောင်းလဲမှုသိပ်မရှိခြင်းနှင့် Notch ပါဝင်နေဆဲ ဖြစ်သောကြောင့် ဝေဖန်မှုများရှိနေသည်။
iPad နှင့် iPad Mini
တက်ဘလက်အသစ်များဖြစ်သည့် iPad 9th Gen နှင့် iPad Mini 6th Gen တို့တွင်မူ Apple ၏ A13 နှင့် A15 Bionic Processor များ ပါဝင်သဖြင့် ပိုမိုမြန်ဆန်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ ကင်မရာပိုင်းတွင် အလင်းအမှောင် ပိုမိုကောင်းမွန်စေမည့် True Tone နည်းပညာကို ထည့်ပေးထားသလို ဗီဒီယိုကောလ် ခေါ်ဆိုမှုများအတွက် ဆယ်လ်ဖီ ကင်မရာကိုလည်း Wide ကင်မရာများ သုံးပေးထားသည်ကို တွေ့ရ သည်။ iPad Mini 6th Gen ကို Apple Pencil ဖြင့် တွဲသုံးနိုင်သလို Touch ID လည်း ပါဝင်လာသည်။
Apple Watch Series 7
စမတ်နာရီ Apple Watch Series 7 တွင်မူ Operating System အသစ်ဖြစ်သည့် watchOS 8 နှင့်အတူ S7 Chip ကြောင့် ယခင်ထွက်ခဲ့ သော နာရီများထက် ပို၍မြန်ဆန်စွာ သုံးနိုင်မည်ဖြစ်သည်။ ထို့အပြင် ဘေးဘောင်များကို ပို၍သေးငယ်အောင် ပြုလုပ်ထားသဖြင့် screen အရွယ်အစားလည်း ပိုကြီးလာသည်။ IP6X dust-resistant ကြောင့် ရေနှင့် ဖုန်ဝင်ရောက်မှုကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည်။ ကိုစိုး