ဝင်းဒိုးဗားရှင်းအသစ် Windows 11 ကို အောက်တိုဘာ ၅ ရက်တွင် စတင်အသုံးပြုနိုင်တော့မည်

 

ရန်ကုန် စက်တင်ဘာ ၂၈


မိုက်ခရိုဆော့ဖ်၏ ကွန်ပျူတာစက်လည် ပတ်မှုစနစ်(Operating System)ဖြစ် သည့် ဝင်းဒိုး(Windows)ကို အသုံးပြုနေ သူများအတွက် ဝင်းဒိုးအသစ်ဖြစ်သည့် Windows  11  ကို  အောက်တိုဘာ  ၅ ရက်တွင် တရားဝင် စတင်အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း ဩဂုတ်လကုန်ပိုင်း တွင် မိုက်ခရိုဆော့ဖ်က ကြေညာခဲ့သည်။
အောက်တိုဘာ ၅ ရက်တွင် တရားဝင် ဝင်းဒိုး ၁၁ ဗားရှင်းကို ထုတ်ပေးမည်ဖြစ် သော်လည်း  လက်ရှိအချိန်တွင်  ဝင်းဒိုး အသစ်ကို    စမ်းသပ်အသုံးပြုလိုသူများ အတွက်  မိုက်ခရိုဆော့ဖ်၏   Windows Insider ပရိုဂရမ်မှတစ်ဆင့် ဝင်းဒိုး ၁၁ စမ်းသပ်ဗားရှင်းများကို အဆင့်သုံးဆင့် ဖြင့် ထုတ်ပေးထားပြီးဖြစ်သည်။ 
Windows   Insider   ပရိုဂရမ်တွင် ဝင်းဒိုးအသစ်ကို  စမ်းသပ်သုံးစွဲလိုသော တစ်ကမ္ဘာလုံးမှ အသုံးပြုသူများအတွက် Dev  Channel,  Beta  Channel  နှင့် Release Preview ဟု ချန်နယ်သုံးခုဖြင့် ဝင်းဒိုးဗားရှင်းသစ်များကို   ထုတ်ပေး လျက်ရှိသည်။ 
Dev Channel မှာ ကွန်ပျူတာစနစ် ကို ကျွမ်းကျင်သူ(Developer အဆင့်)များအတွက် အစောဆုံး စမ်းသပ်ဗားရှင်း ကိုထုတ်ပေးသော    ချန်နယ်ဖြစ်ပြီး မတည်ငြိမ်သေးသော လုပ်ဆောင်ချက် အသစ်အဆန်းများ၊ အမှားအယွင်းများ အများအပြားပါဝင်သဖြင့် Dev Channel မှထုတ်ပေးသော ဝင်းဒိုးဗားရှင်းများမှာ သာမန်အသုံးပြုသူများ  စမ်းမသုံးသင့် သော ဗားရှင်းဖြစ်သည်။
Beta Channel မှပေးသော ဝင်းဒိုး မှာမူ  Dev Channel ထက်ပို၍ အမှား အယွင်းကင်းကာ  တည်ငြိမ်မှုရှိလာပြီး သာမန်အသုံးပြုသူများထံသို့ မဖြန့်ဝေမီ ကွန်ပျူတာကို ကျယ်ကျယ်ပြန့်ပြန့်သုံး သည့် နည်းပညာလုပ်ငန်းများ၊ ဆော့ဖ်ဝဲ ရေးသားထုတ်လုပ်သူများနှင့်    ကုမ္ပဏီ များ  စမ်းသပ်အသုံးပြုနိုင်ရန်  ဖြန့်ဝေ သော ဗားရှင်းဖြစ်သည်။ Beta Channel တွင် လက်တွေ့အသုံးပြုပြီးနောက် ကြုံ တွေ့ရသော အဆင်မပြေမှုများကို ပြန် လည်ပြုပြင်ပြီးသော   ဝင်းဒိုးအသစ်ကို Release Preview Channel မှတစ်ဆင့် ထပ်မံထုတ်ဝေပေးသည်။
Release Preview Channel မှာမူ တရားဝင်ဖြန့်ဝေတော့မည့်   နောက်ဆုံး အဆင့်   ဝင်းဒိုးဗားရှင်းကို   ဈေးကွက်သို့ မရောင်းမီ   စမ်းသပ်လိုသူများအတွက် စမ်းသပ်သုံးစွဲနိုင်ရန်    ဖြန့်ဝေပေးသော ချန်နယ်ဖြစ်သည်။   စမ်းသပ်လိုသူများ အနေဖြင့်  နောက်ဆုံး  တရားဝင်ထွက် ထားသည့် ဝင်းဒိုးဗားရှင်းကို လိုင်စင်ဖြင့် ဝယ်သုံးထားပြီး Windows Insider ပရို ဂရမ်သို့  ဝင်ရောက်ထားပါက  Release Preview  Channel  မှထုတ်ပေးသည့် အလားတူ   ဗားရှင်းအသစ်ကို   ရယူနိုင် သည်။ ဥပမာ လက်ရှိအချိန်တွင် ဝင်းဒိုး ၁၀ (Home Edition)ကို   လိုင်စင်ဖြင့် ဝယ်သုံးနေကြသူများသည်  Windows Insider   ပရိုဂရမ်သို့ဝင်၍  ဝင်းဒိုး   ၁၁ (Home   Edition)ကို  လည်းကောင်း၊ ဝင်းဒိုး  ၁၀  (Professional Edition)ကို ဝယ်ယူသုံးစွဲနေသူများသည် ဝင်းဒိုး ၁၁ (Professional Edition)ကိုလည်းကောင်း Update လုပ်ပြီး စမ်းသပ်သုံးစွဲနိုင်ပြီဖြစ် သည်။ 
Release Preview Channel မှပေး သည့် ဗားရှင်းသစ်သည် အမှားအယွင်း မရှိသလောက်နည်းပြီး ဈေးကွက်သို့ဖြန့် မည့်  ဝင်းဒိုးဗားရှင်းသစ်များနှင့်လည်း ကွာခြားချက်   မရှိသလောက်ဖြစ်ရာ ပြည်တွင်း၌လည်း  Release  Preview Channel မှ ထုတ်ပေးသော  ဝင်းဒိုး ၁၁ ကို စမ်းသပ်အသုံးပြုနေသူအချို့ ရှိနေပြီ ဖြစ်သည်။
(ဝင်းဒိုး   ၁၁   တွင်  ပါဝင်လာမည့် ထူးခြားချက်များ၊  အသုံးပြုနိုင်ရန်အတွက် လိုအပ်မည့်အချက်များ(Hardware Re-quirement)နှင့် လိုင်စင်ဝယ်သုံးထား ခြင်း  မဟုတ်သည့်  ဝင်းဒိုး  ၁၀  များတွင် ဝင်းဒိုး ၁၁ တင်နိုင်မည့် နည်းလမ်းများကို ဆက်လက်ဖော်ပြပါမည်။)           ကိုစိုး