
နေပြည်တော် စက်တင်ဘာ ၂၈
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များ ကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့် လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင် ထုတ်လုပ်ပေးလျက်ရှိသည်။
ထိုသို့ တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်း၌ တစ်ရက်လျှင် အောက်ဆီဂျင် လီတာ ၄၀ ဝင် အိုး ၁၆၀ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်ထုတ်လုပ်သည့် စက် စမ်းသပ်လည်ပတ်နေမှုကို ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စောအောင်သိုက်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။ သတင်းစဉ်