ရေပေါ်လှောင်အိမ်စနစ်ဖြင့် ပြည်ပဈေးကွက်ဝင်  ကကတစ်ငါး မွေးမြူထုတ်လုပ်မည်


 

ရန်ကုန်   စက်တင်ဘာ  ၂၈


စိုက်ပျိုးရေး၊   မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာနနှင့်    သယံဇာတနှင့်     သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တို့  ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေလှောင်တမံအတွင်း ရေပေါ် လှောင်အိမ်ဖြင့် ငါးမွေးမြူရေးစနစ်ကို ဖော်ဆောင်လျက်ရှိရာ ကနဦးတွင်  တီလားပီးယားငါးမျိုးစိတ်ကို  စမ်းသပ်မွေးမြူပြီး နောက် ရရှိလာသော ရလဒ်အပေါ်အခြေခံ၍ ပြည်ပဈေးကွက်ဝင်       ကကတစ်ငါးကိုလည်း ဆက်လက်မွေးမြူထုတ်လုပ်မည်ဖြစ် ကြောင်း  သိရသည်။
လက်ရှိ  အကောင်အထည်ဖော်ဆောင်ရွက်နေသော ရေပေါ် လှောင်အိမ်   ငါးမွေးမြူရေးစနစ်တွင် နှစ်လက်မ၊  သုံးလက်မ အရွယ်  တီလားပီးယားငါးကို   စတင်စမ်းသပ်မွေးမြူလျက် ရှိပြီး မွေးမြူချိန်  လေးလခွဲမှ  ခြောက်လအကြာ  ဈေးကွက်သို့ တင်ပို့နိုင်ကာ               
တစ်နှစ်လျှင်နှစ်ကြိမ်  မွေးမြူနိုင်သောကြောင့်  ငါးမွေးတောင်သူနှင့်  ထုတ်လုပ်သူတို့  အချိန်တိုအတွင်း  ဝင်ငွေရရှိစေမည့်အပြင် ရေသယံ ဇာတ မတည်မြဲနိုင်သော ပင်လယ်ပြင်ရေထွက်ကုန်ထက် ဟန်ချက်ညီညီ မွေးမြူထုတ်လုပ်သည့်  ရေထွက်ကုန်ထွက်ရှိမှုက ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပြည်ပပို့ကုန် တန်ဖိုးမြှင့်ထွက်ကုန်များကို ဆည်တမံ နှင့် မြစ်ချောင်းတို့၌ ရေပေါ်လှောင်အိမ်စနစ်ဖြင့် မွေးမြူထုတ်လုပ်နိုင် မည်ဖြစ်သည်။
စီးပွားဖြစ်ထုတ်လုပ်နိုင်အောင်
“တီလားပီးယားငါးအမျိုးအစားကို ချောင်းမငယ်ရေလှောင်တမံ အတွင်းမှာ  ရေပေါ်လှောင်အိမ်နဲ့   စမ်းသပ်မွေးမြူမှု  ဆောင်ရွက်နေ ပါတယ်။ အဲဒီ ရေလှောင်တမံမှာ အလျား အနံ ၁၂ပေ၊ အနက် ရှစ်ပေရှိတဲ့    တောင်သူပညာပေး  ရေလှောင်ကန်လေးလုံး   တည်ဆောက်ပြီးတော့ တစ်လုံးကို ကောင်ရေ ၁၀၀၀ နဲ့ တောင်သူပညာပေးအနေနဲ့ တစ်ကန် မွေးမြူထားတာရှိပါတယ်။ လေးလကနေ ခြောက်လအထိ ကာလတို မွေးမြူတာနဲ့    ငွေလုံးငွေရင်းရရှိမှာပါ။  တန်ဖိုးမြှင့်  ကကတစ်ငါးကို လည်း   တစ်နှစ် နှစ်ကြိမ်မွေးမြူပြီး   စီးပွားဖြစ်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်နေပါတယ်”ဟု  နေပြည်တော်  ငါးလုပ်ငန်းဦးစီးဌာန မွေးမြူ ရေးဌာနခွဲမှ  လက်ထောက်ညွှန်ကြားရေးမှူး  ဦးကျော်မျိုးအောင်က ပြောသည်။
မြန်မာနိုင်ငံသည် ကုန်းတွင်းပိုင်း၌   ရေသယံဇာတထုတ်လုပ်နိုင်သော ဆည်တမံနှင့်‌ ‌‌ရေလှောင်ကန်များ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်ပြီး Reser-voir Fisheries လုပ်ငန်းကို ဆောင်ရွက်ရန် အားသာချက်များစွာရှိသည့်  နိုင်ငံဖြစ်သောကြောင့်   ငါးမွေးတောင်သူနှင့်  ထုတ်လုပ်သူတို့၏  လူမှု စီးပွားများ ဖွံ့ဖြိုးတိုးတက်စေရန်  အနာဂတ်ကိုရည်မှန်း၍ နိုင်ငံတော်က ဆောင်ရွက်ခြင်းဖြစ်သည်။ ဒေသတွင်းနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ထက် ဈေးကွက်ဝင် ရေထွက် ကုန်များ   ပိုမိုထုတ်လုပ်တင်ပို့ခြင်းဖြင့်  နိုင်ငံခြားဝင်ငွေ နှစ်စဉ်ရရှိစေ လျက်    ခိုင်မာသောပို့ကုန်တစ်ခုကို    ပိုင်ဆိုင်သောနိုင်ငံတစ်ခုအဖြစ်      အလားအလာကောင်းများစွာ စောင့်ကြိုလျက်ရှိသည်။
ပြည်ပဈေးကွက်ဝင် ကကတစ်ငါး
ပြည်ပသို့  ရေထွက်ကုန်များတင်ပို့ရာတွင်  ပင်လယ်ပြင်မှရရှိသော ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ၈၀ ရာခိုင်နှုန်းရှိပြီး ရေချိုရေထွက်ကုန် တင်ပို့မှု ၂၀ ရာခိုင်နှုန်းရှိရာ  ဖမ်းဆီးရောင်းချသော ရေထွက်ကုန်မှာ ရေရှည်တွင် တည်မြဲမှုမရှိနိုင်ဘဲ မွေးမြူထုတ်လုပ်ခြင်းသည်သာ တည်တံ့ နိုင်မည်ဖြစ်၍   နိုင်ငံတော်အနေဖြင့် ရေထွက်ကုန်မွေးမြူရေးလုပ်ငန်း၏ လိုအပ်ချက်များကို အားပေးကူညီထောက်ပံ့လျက်ရှိသည်။ ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့်   လယ်ဝေးမြို့    ချောင်းမငယ်ရေလှောင်တမံတွင် ရေပေါ်လှောင်အိမ်စနစ်  မွေးမြူမှုအပြင် အထက်ပေါင်းလောင်းဆည် တွင်လည်း ဆက်လက်မွေးမြူမည်ဖြစ်ရာ တန်ဖိုးမြင့်   ပြည်ပဈေးကွက်ဝင် ဖြစ်သော    ကကတစ်ငါး    မွေးမြူထုတ်လုပ်မှုကိုလည်း   မြိတ်မြို့မှ ငါးမွေးလုပ်ငန်းရှင်များအား   ဖိတ်ခေါ်၍  မွေးမြူထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)