
ဂျီနီဗာ စက်တင်ဘာ ၂၂
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ကိုရီးယား စစ်ပွဲ တရားဝင်အဆုံးသတ်ရန်နှင့် ကိုရီးယား ကျွန်းဆွယ်ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ထပ်လောင်း ပြောကြားလိုက်သည်။
စက်တင်ဘာ ၂၁ ရက်က ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အထွေထွေညီလာခံသို့ ပြောကြားသော မိန့်ခွန်းတွင် မွန်က ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဆွေးနွေးပူးပေါင်းဆောင်ရွက် ခြင်းသည် အရေးကြီးဆုံးဖြစ်ကြောင်း ပြောကြား ခဲ့သည်။
မွန်ဂျေအင်းသည် ၂၀၁၇ ခုနှစ် သမ္မတတာဝန် စတင်ထမ်းဆောင်ကတည်းက မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ၂၀၁၈ ကိုရီးယားပြည်တွင်းဆွေးနွေးပွဲကို အကောင်အထည် ဖော်ရန်လိုကြောင်း မွန်က အလေးအနက်ထား ပြောကြားသည်။
ကိုရီးယားနှစ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု ပါ အဖွဲ့သုံးဖွဲ့ သို့မဟုတ် တရုတ်နိုင်ငံအပါ အဝင် အဖွဲ့လေးဖွဲ့က ကိုရီးယားစစ်ပွဲ ပြီးဆုံး ကြောင်း ပူးတွဲကြေညာသင့်သည်ဟု မွန်က အဆိုပြု ပြောကြားသည်။
အဆိုပါကြေညာချက်သည် ကိုရီးယားကျွန်းဆွယ် ပြန်လည်သင့်မြတ်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးအတွက် အရေးကြီးသော အစပျိုးခြေလှမ်း တစ်ရပ်ဖြစ်သင့်ကြောင်း မွန်က အလေးအနက် ပြောသည်။
ကိုရီးယားစစ်ပွဲတွင် ပါဝင်ခဲ့သော အဖွဲ့များသည် ၁၉၅၃ ခုနှစ် ဇူလိုင် ၂၇ ရက်က ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး အကြမ်းဖက်မှုများကို တားဆီးခဲ့ကြသည်။ သို့သော် လည်း ပဋိပက္ခသည် ဘယ်တော့မှ အဆုံးသတ်သွား ခြင်းမရှိပေ။
ကိုရီးယားနှစ်နိုင်ငံလုံး ကုလသမဂ္ဂထဲဝင်ရောက် ခဲ့သည်မှာ ယခုနှစ်တွင် နှစ်ပေါင်း ၃၀ ပြည့်ပြီဖြစ်သည်။ လာမည့်နှစ် မေလတွင် သက်တမ်းကုန်ဆုံးတော့မည့် မွန်သည် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်း ရေးရရှိရန် လုံ့လထုတ် လုပ်ဆောင်မှုတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ပံ့ကူညီမှုရရှိရန် ဆောင်ရွက် လျက်ရှိပုံပေါ်သည်။
သို့သော်လည်း မြောက်ကိုရီးယားသည် စကား ဝိုင်းဆွေးနွေးမှုကို ပါဝင်လုပ်ဆောင်ရန် စိတ်အား ထက်သန်ပုံမပြပေ။ မြောက်ကိုရီးယားသည် ယခုလ တွင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို မကြာခဏ ပြုလုပ်ခဲ့သည်။
အင်န်အိတ်ချ်ကေ