မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂ ဒသမ ၁၁ သန်းကျော်ရှိ

ကွာလာလမ်ပူ    စက်တင်ဘာ  ၂၁


မလေးရှားနိုင်ငံ၌   လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၃၄၅ ဦးရှိခြင်း ကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၁၁၂၁၇၅ ဦးရှိလာကြောင်း  မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။


အဆိုပါတစ်ရက်အတွင်း   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၃၄၅ ဦးအနက် ၁၄၃၀၂ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ၄၃ ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက် မှ ကူးစက်ခံရသူများဖြစ်ကြောင်း မလေးရှားကျန်းမာ ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန် သည့် အချက်အလက်များက ဖော်ပြထားသည်။


ထို့ပြင် မလေးရှားနိုင်ငံ၌   ကိုဗစ်-၁၉ ရောဂါ ကြောင့်သေဆုံးသူ ၃၀၁ ဦးထပ်တိုးလာသဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၃၇၄၄ ဦး ရှိလာကြောင်းသိရသည်။ အလားတူ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၁၆၈၁၄ ဦးရှိခြင်းကြောင့်  ကိုဗစ်-၁၉ ရောဂါမှ   ပြန်လည် ကျန်းမာလာသူစုစုပေါင်း ၁၈၈၀၇၃၃ ဦးရှိလာကြောင်း  သိရသည်။


မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ လူနာစုစုပေါင်း ၂၀၇၆၉၈ ဦးရှိကြောင်း၊ ယင်းတို့အနက် ၁၁၅၄ ဦးသည် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းနှင့် ၆၃၃ ဦးသည် အသက်ရှူအထောက်အကူပြုကိရိယာများလိုအပ်လျက်ရှိကြောင်း သိရသည်။


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်