ဂျာမနီနိုင်ငံက လာမည့်နှစ်စပိုင်းတွင် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည်

ဘာလင်   စက်တင်ဘာ   ၂၁


ဂျာမနီနိုင်ငံသည်    လာမည့်နှစ် နှစ်စပိုင်းတွင်   အသက် ၁၂ နှစ် အောက်   ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း ဂျာမနီ ကျန်းမာရေးဝန်ကြီး     ဂျန်စပန် က   ယမန်နေ့တွင်   ပြောကြား သည်။


ဂျာမနီနိုင်ငံ၌ စက်တင်ဘာ ၂၀ ရက်အထိ     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး    နှစ်ကြိမ်ထိုးနှံပြီး သူ   စုစုပေါင်း  ၅၂ ဒသမ ၅ သန်း ကျော်ရှိကြောင်းနှင့်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး    တစ်ကြိမ် ထိုးနှံပြီးသူစုစုပေါင်း ၅၆ သန်း နီးပါးရှိကြောင်း သိရသည်။


ဂျာမနီနိုင်ငံ၏       ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ် သည့် BioNTech ကုမ္ပဏီကလည်း မကြာမီကာလအတွင်း   အသက် ငါးနှစ်မှ ၁၁ နှစ်အရွယ်ကလေးငယ် များအား ကာကွယ်ဆေးထိုးနှံပေး ရာတွင်   ၎င်းတို့ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို   မကြာမီအသုံးပြုရန်    စီစဉ် လျက်ရှိကြောင်း ယခုလအစောပိုင်း တွင် ကြေညာခဲ့သည်။


ဂျာမနီနိုင်ငံ၌      လွန်ခဲ့သည့် တစ်ရက်အတွင်း        ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူ ၃၇၃၆ ဦး ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူ စုစုပေါင်း ၄၁၅၇၁၁၃ ဦး   ရှိလာ ကြောင်းနှင့်   ကိုဗစ်-၁၉ ရောဂါ ကြောင့်    သေဆုံးသူစုစုပေါင်း ၉၃၆၃၂ ဦးရှိကြောင်း သိရသည်။


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်