ဗီယက်နမ်နိုင်ငံ၌ လူဦးရေ ၃၅ သန်းကျော်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးဖြစ်

 

 

ဟနွိုင်း  စက်တင်ဘာ   ၂၁


ဗီယက်နမ်နိုင်ငံ၌  စက်တင်ဘာ  ၂၁  ရက်က  ကိုဗစ်-၁၉  ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၁၆၉၂ ဦးရှိလာကြောင်းဖော်ပြခဲ့ပြီး ပြည်ပကူးစက် ဖြစ်ပွားသူ   ငါးဦးနှင့်   ပြည်တွင်းကူးစက်ဖြစ်ပွားသူ  ၁၁၆၈၇  ဦး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ 
ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားမှုနှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူပေါင်း  ၇၀၇၄၃၆  ဦးအထိရောက်ရှိလာပြီး ၁၇၅၄၅ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက် သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှုအများစုမှာ တောင်ပိုင်းဒေသများမှ ဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ရာ ဗဟိုချက်နေရာဖြစ်သည့် ဟိုချီမင်း စီးတီးမှ ၆၅၂၁ ဦး၊ အနီးနားရှိ ဘင်ဒေါင်းပြည်နယ်မှ ၃၆၀၉ ဦးနှင့် ဒွန်နိုင်းပြည်နယ်မှ ၅၉၀ တို့ ဖြစ်ကြသည်။
ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှုမှ   ပြန်လည်ကျန်းမာလာသူ ၄၇၅၃၄၃ ဦးရှိလာပြီး နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ပြီးသူပေါင်းမှာလည်း ၃၅ သန်း ကျော်လွန်လာပြီဖြစ်သည်။ 
စက်တင်ဘာ ၂၁ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၇၀၂၉၇၂ ဦးရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 
ဆင်ဟွာ