
ကွာလာလမ်ပူ စက်တင်ဘာ ၂၁
မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၂၀ ရက် သန်းခေါင်အချိန်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွား သူ ၁၄၃၄၅ ဦး တိုးလာကြောင်း အတည်ပြုဖော်ပြပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပေါင်း ၂၁၁၂၁၇၅ ဦးအထိ ရောက် ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြ လိုက်သည်။
ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူများအနက် ၄၃ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၁၄၃၀၂ ဦးမှာ ပြည်တွင်းကူးစက်မှု ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန် ဖော်ပြထားသည်။
နောက်ထပ် ၃၀၁ ဦး ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးကြောင်း ဖော်ပြမှုနှင့်အတူ အရှေ့တောင် အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော မလေးရှားနိုင်ငံတွင် စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၃၇၄၄ ဦး ရှိလာခဲ့ပြီဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာပြီး ဆေးရုံမှ ဆင်းလာသူ ၁၆၈၁၄ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွား သူပေါင်း ၁၈၈၀၇၃၃ ဦး ရှိလာပြီ ဖြစ်သည်။
လတ်တလော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားလျက်ရှိသူ ၂၀၇၆၉၈ ဦးအနက် ၁၁၅၄ ဦးမှာ အထူးကြပ်မတ် ကုသဆောင် တွင် ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့အနက် ၆၃၃ ဦးမှာ အသက် ရှူ အထောက်အကူလိုအပ်လျက် ရှိကြောင်း သိရသည်။
ဆင်ဟွာ