
ဘန်ကောက် စက်တင်ဘာ ၂၁
ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၂၁ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၀၉၁၉ ဦးရှိလာပြီး ၁၄၃ ဦး ထပ်မံသေဆုံးကြောင်း ကိုဗစ်-၁၉ စီမံခန့်ခွဲရေးစင်တာ (စီစီအက်စ်အေ) ၏ ဖော်ပြချက်အရ သိရသည်။
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ များအနက် ၄၁၈၄ ဦးမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားရာ ဗဟိုချက်နေရာဖြစ်သည့် ထိုင်းနိုင်ငံ ဘန်ကောက်နှင့် အိမ်နီးချင်းငါးပြည်နယ်မှ ဖြစ်သည်။
မြို့နေဒေသခံ ၇၀ ရာခိုင်နှုန်းခန့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော နိုင်ငံခြား သားခရီးသွားများအား နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြု မည်ဖြစ်သည်။
လွန်ခဲ့သောနှစ်စပိုင်း ကိုဗစ်-၁၉ စတင်ဖြစ်ပွား ချိန်မှစကာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူပေါင်း ၁ ဒသမ ၅ သန်းရှိပြီး သေဆုံးသူပေါင်းမှာ လည်း ၁၅၆၁၂ ဦးအထိ တိုးလာသည်။
စက်တင်ဘာ ၂၀ ရက်က ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှ ဆင်းလာသူ ၁၁၆၉၄ ဦးရှိပြီး ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသည့်ပမာဏထက် အနည်းငယ်ပိုများ သည်။ ကိုဗစ်-၁၉ အခြေအနေဆိုးအောက်တွင် ကျရောက်နေသူပေါင်း ၃၅၄၈ ဦးရှိသည်။
စက်တင်ဘာ ၂၁ ရက်အထိ စုစုပေါင်းကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၄၅ ဒသမ ၂ သန်းကျော် ရှိလာခဲ့သည်။ ထိုင်းနိုင်ငံလူဦးရေ၏ ၂၁ ဒသမ ၄ ရာခိုင်နှုန်းခန့်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့် အဝ ထိုးနှံပြီးပြီဖြစ်သည်။
ယခုနှစ်ကုန်တွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေး လွှမ်းခြုံထိုးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ဆင်ဟွာ