
အမ္မန် စက်တင်ဘာ ၂၁
ဆီးရီးယားဒုက္ခသည်များအတွက် အကူအညီထောက်ပံ့မှုများ ပေးကြရန် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းထံ စက်တင်ဘာ ၂၀ ရက်တွင် ဂျော်ဒန်နိုင်ငံက တောင်းဆိုခဲ့သည်။
ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း အထောက်အပံ့များမှာ သိသိသာသာ လျော့ကျလာခဲ့သည်။ စီမံကိန်းနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး နက်ဆာရှရိတ်ဒါက မြို့တော်အမ္မန်တွင် ဘယ်လ်ဂျီယံ ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး မီရာမီကစ်တီရာနှင့် တွေ့ဆုံစဉ် ယခုလိုပြော ကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံစီးပွားရေး ဆက်သွယ်မှုများ မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်ဟု ဂျော်ဒန်နိုင်ငံ စီမံကိန်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ဆီးရီးယားဒုက္ခသည်များကို အကူအညီပေးရန်နှင့် လက်ခံထား သည့် အဖွဲ့အစည်းများကို အကူအညီပေးရန်တို့အတွက် အပြည်ပြည် ဆိုင်ရာမှ ထောက်ပံ့ပေးရန် တောင်းဆိုခဲ့သည်။
ဘယ်လ်ဂျီယံဝန်ကြီးကလည်း ဂျော်ဒန်နိုင်ငံကို ကူညီ ထောက်ပံ့ပေးရန် အဆင်သင့်ဖြစ်ကြောင်း ဂျော်ဒန်နိုင်ငံ၏ ဆီးရီးယားဒုက္ခသည်များကို လက်ခံထားမှုနှင့် အခြေခံဝန်ဆောင်မှု များ ပေးထားသည့်အတွက်လည်း ချီးကျူးကြောင်း ပြောကြား ခဲ့သည်။
ဆင်ဟွာ