ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း

နေပြည်တော်  စက်တင်ဘာ   ၂၀  

 
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင် အလှူရှင်များက  ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊  အောက်ဆီဂျင်အိုး များနှင့်  အလှူငွေများ  လာရောက်လှူဒါန်းလျက်ရှိ သည်။


လက်ခံရယူ


ထိုသို့လှူဒါန်းလျက်ရှိရာ  ကချင်ပြည်နယ် အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်  အသုံးပြုရန်အတွက်  ယနေ့တွင်  စေတနာရှင်အလှူရှင်များဖြစ်သည့်  မူဆယ်မြို့ ရွှေလျှက်ကုမ္ပဏီနှင့် ရွှေလီမြို့ ဟုန်ဖွာ ကုမ္ပဏီတို့မှ    အိမ်သုံးအောက်ဆီဂျင်စက်   ၁၀ လုံး၊ တစ်ကိုယ်ရေသုံး    ကာကွယ်ရေးဝတ်စုံ ၅၀၀ နှင့်   ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း         ၃၀၀၀၀၀ တို့ကို  ပြည်နယ်  အစိုးရအဖွဲ့ရုံး  ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌    လာရောက်လှူဒါန်းကြရာ  ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်      မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး တို့ကလက်ခံရယူခဲ့ပြီး  ဂုဏ်ပြုမှတ်တမ်းလွှာများ  ပြန်လည်ပေးအပ်ကာ     ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်