
နေပြည်တော် စက်တင်ဘာ ၂၀
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင် အလှူရှင်များက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင် အိုးများနှင့် အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ကချင်ပြည်နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် ယနေ့တွင် စေတနာရှင် အလှူရှင်များဖြစ်သည့် မူဆယ်မြို့ ရွှေလျှက်ကုမ္ပဏီနှင့် ရွှေလီမြို့ ဟုန်ဖွာကုမ္ပဏီတို့မှ Oxygen Concentrator ၁၀ လုံး၊ PPE ဝတ်စုံ အစုံ ၅၀၀နှင့် Surgical Mask အခု၃၀၀၀၀၀တို့ကို ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ ၌ လာရောက်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးတို့က လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သိရသည်။
သတင်းစဉ်