
နေပြည်တော် စက်တင်ဘာ ၂၀
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များ၌ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက် ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေးသိုလှောင်ခန်း တွင်ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန်စံညွှန်းများ အတိုင်း တိုင်းဒေသကြီးများနှင့်ပြည်နယ်အသီးသီးသို့ တပ်မတော် လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ် ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် မန္တလေးမြို့သို့ ကာကွယ် ဆေး ၈၂၉၅၂ လုံး၊ မုံရွာမြို့သို့ ကာကွယ်ဆေး အလုံး ၈၀၀၀ နှင့် တောင် ကြီးမြို့သို့ကာကွယ်ဆေး ၂၂၀၄၅ လုံးတို့ကို မြေပြင်ခရီးလမ်းကြောင်း မှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ပို့ဆောင်ပေးရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှတာဝန်ရှိသူများက လက်ခံရယူပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
ယင်းသို့ပို့ဆောင်ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံ ခက်ခဲသောဒေသများသို့ တပ်မတော်(လေ)မှ ပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ်များ၊ မြန်မာ့လေကြောင်းတို့၏အကူအညီများရယူကာ လေကြောင်းခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ သတင်းစဉ်