ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တွေမြို့တွင် ရက္ခပူရ ဗုဒ္ဓတက္ကသိုလ်နှင့်  မြောက်ဦးစင်တာ ဆောက်လုပ်ရန်အတွက် မြေနေရာပေးအပ်လှူဒါန်း


 

နေပြည်တော် စက်တင်ဘာ  ၂၀


ရခိုင်ပြည်နယ်     မြောက်ဦးမြို့  ရတနာ့မာန်အောင် တောရရိပ်သာ ဆရာတော် အဂ္ဂမဟာကမ္မဌာနာ စရိယ ဘဒ္ဒန္တဝါယာမိန္ဒ အမှူးပြု သော စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့်   ရက္ခပူရ ဗုဒ္ဓတက္ကသိုလ်နှင့်     မြောက်ဦး စင်တာ ဆောက်လုပ်ရန်အတွက် ရခိုင်ပြည်နယ်     အစိုးရအဖွဲ့မှ မြေနေရာပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့  ကျားရုပ်ပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ရာ မြောက်ဦးမြို   ရတနာ့ မာန်အောင် တောရရိပ်သာ ဆရာ တော်  ကြွရောက်တော်မူပြီး ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်း       စစ်ဌာနချုပ်      တိုင်းမှူး ဗိုလ်ချုပ်  ထင်လတ်ဦးနှင့်  ဌာန ဆိုင်ရာတာဝန်ရှိသူများ တက် ရောက်ကြသည်။
ပေးအပ်လှူဒါန်း
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက မြောက်ဦး  ဆရာတော် အား   ဖူးမြော်ကြည်ညိုကြပြီး စစ်တွေမြို့     စက်မှုရပ်ကွက် (ဆတ်ရိုးကျ)တွင်  ရက္ခပူရ  ဗုဒ္ဓ တက္ကသိုလ်နှင့် မြောက်ဦးစင်တာ ဆောက်လုပ်ရန်အတွက် စုစုပေါင်း မြေကွက် ၇ ကွက်(မြေဧရိယာ ၂ ဒသမ ၇၇၃ ဧက)ကို  အခွန်လွတ် သာသနာဂရန်လျှောက်ထားသည့် မြေနေရာနှင့်       ပတ်သက်သော စာရွက်စာတမ်းများကို ရက္ခပူရ ဗုဒ္ဓတက္ကသိုလ်နှင့်      မြောက်ဦး စင်တာ   ဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ရှိသူထံ     ပေးအပ်လှူဒါန်း သည်။
ထို့နောက်  မြောက်ဦးဆရာ တော်က      တည်ဆောက်ရေး လုပ်ငန်း              အစီအမံများနှင့် ပတ်သက်၍ မိန့်ကြားတော်မူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က လိုအပ်သည်များ ဖြည့်စွက် လျှောက်ထား တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။      
သတင်းစဉ်