မန္တလေးမြို့ အရှေ့ပြင်နယ်လုံးဆိုင်ရာ ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ မဟာလောကရန်နှိမ်  အောင်တော်မူမြတ်စွာဘုရား  ဗုဒ္ဓဆင်းတုတော်မြတ်ကြီးအား ယာယီစံကျောင်းတော်မှ မူလစံကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ခြင်း မင်္ဂလာပြုလုပ်


 

နေပြည်တော်    စက်တင်ဘာ   ၂၀


မန္တလေးမြို့   အရှေ့ပြင်နယ်လုံးဆိုင်ရာ   ပြည်ကြီး မျက်မှန်ရပ်ကွက်ရှိ မဟာလောကရန်နှိမ် အောင်တော် မူ     မြတ်စွာဘုရား   ဗုဒ္ဓဆင်းတုတော်မြတ်ကြီးအား အဆိုပါ ဘုရားပရိဝုဏ်အတွင်းရှိ ယာယီစံကျောင်း တော်  အောင်ဓမ္မာရုံမှ မူလစံကျောင်းတော် သာသနာ့ ဗိမာန်သို့ ပင့်ဆောင်ပူဇော်ခြင်းမင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့အကျိုးတော်ဆောင် မန္တလေးမြို့ ဒိုက်ဦးကျောင်းဦးစီးပဓာန  ဆရာတော်  အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တ  ဇောတိကာဘိဝံသ   အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး  မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်  ကိုကိုဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ  မန္တလေးမြို့  ဒိုက်ဦးကျောင်းဦးစီးပဓာန ဆရာတော်အမှူးပြုသော  သံဃာတော်များက ရောင်ခြည်တော်ဖွင့်ဂါထာဖြင့်   မြတ်စွာဘုရားအား ပင့်ဆောင်ခြင်း၊ ပရိတ်တရားတော်များ  ရွတ်ဖတ် ပူဇော်ခြင်းနှင့် မဟာလောကရန်နှိမ်အောင်တော်မူ မြတ်စွာဘုရားဗုဒ္ဓဆင်းတုတော်မြတ်ကြီးအား နံ့သာရည်များပက်ဖျန်းပူဇော်ခြင်းများ ဆောင်ရွက်တော် မူကြပြီး   မင်္ဂလာဝန်ချီစက်ယာဉ်ဖြင့်  မူလသီတင်း သုံးရာ  သာသနာ့ဗိမာန်ရှိ သီဟာသနပလ္လင်တော်သို့ ပင့်ဆောင်ကြသည်။
ထို့နောက် မြတ်စွာဘုရားဗုဒ္ဓဆင်းတုတော်မြတ် ကြီးအား   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်    တိုင်းမှူး တို့က  ပန်း၊  ရေချမ်း၊  ဆီမီးများ  ဆက်ကပ်ကာ  နံ့သာရည်များ ပက်ဖျန်းပူဇော်ခဲ့ကြသည်။(ယာပုံ)
အဆိုပါ     မဟာလောကရန်နှိမ်အောင်တော်မူ မြတ်စွာဘုရားဗုဒ္ဓဆင်းတုတော်မြတ်ကြီးသည် သီပေါ မင်းတရားကြီးမှ မြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ်တွင် စတင်တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး      မူလစံ ကျောင်းတော်  ပြန်လည်ပြုပြင်မွမ်းမံပြီးစီးခဲ့သဖြင့် ယာယီစံကျောင်းတော်မှ      မူလစံကျောင်းတော်သို့ ပြန်လည်ပင့်ဆောင်ပူဇော်ခြင်းဖြစ်ကြောင်း  သတင်း ရရှိသည်။                                          သတင်းစဉ်