သုတ၊ ရသစုံလင်စွာဖြင့် ဖော်ပြပါရှိသော သြဂုတ်လထုက် သုတပဒေသာစာစောင်ထွက်ရှိ

 

 

ရန်ကုန် စက်တင်ဘာ ၂၀


၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးခဲ့သော သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များကို ဦးတည် ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်လျက်ရှိသည်။ 
နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာ ခေတ်မီ အကြောင်းအရာများနှင့် ယခုလအတွက် အထူးပြုရေးသားသည့် “မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်” မျက်နှာဖုံးဆောင်းပါး ကြီးများ ပါဝင်သော သုတပဒေသာစာစောင် (ဩဂုတ်လ)ကို ပုံနှိပ်ရေး နှင့်  ထုတ်ဝေရေး  ဦးစီးဌာန   စာပေဗိမာန်က   ဖြန့်ချိလိုက်ပြီဖြစ် သည်။
၂၀၂၁ခုနှစ်    သြဂုတ်လထုတ်     သုတပဒေသာစာစောင်တွင် ဒေါက်တာ ခင်မောင်ညို၊ ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)၊ ကိုကိုချွန် (မော်လမြိုင်)၊ ဒေါက်တာ   မြင့်သန်းထွန်း   (ပြည်သူ့ ကျန်းမာရေး)၊ ကိုဇော်ဌေး (ယဉ်ကျေးမှု) တို့၏ “မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်” မျက်နှာဖုံး ဆောင်းပါးများ၊ မောင်ပေါ်ထွန်း၊ တွဲဖက်ပါမောက္ခ ဦးလွင်မြင့်၊ အောင်မြတ်စည်သူ၊ ကျော်ဝင်းဟိန်း (ပခုက္ကူ) တို့၏ အတွေးအခေါ် နှင့် တက်ကျမ်းဆိုင်ရာဆောင်းပါးများ၊ အေးထွန်းမင်း၊ ခင်မောင်ခြိမ့်တို့၏ နိုင်ငံတကာ ဆိုင်ရာဆောင်းပါး၊ ထီလာစိုးမြင့်ထယ်၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာဆောင်းပါး၊ မြသိန်း ၏ သဘာဝပတ်ဝန်းကျင် ရှုထောင့် ဆိုင်ရာဆောင်းပါး၊ စိုးနိုင်ထွန်း (ကနီ)၏ အမုန်းစကားဆိုင်ရာဆောင်းပါး။
ဒေါက်တာ မြင့်သန်း (သန္ဓေသား)၊ ဒေါက်တာ လွင်သန့်၊ ဝင်း ထွဋ်ဦး၊ ဒေါက်တာ ကောင်းစံတို့၏ ကျန်းမာရေးဆိုင်ရာဆောင်းပါး များ၊ ဦးဘသန်း  (မဟာဝိဇ္ဇာ)၊ ညီမော်သိမ်း၊  စိုးစိုး (ပန်းတောင်း)၊ ခိုင်ဇော် (ဒဿန)၊ ဆောင်းဝင်းလတ်၊ နိုင်သောင်းထွဋ်၊ တင်ကြည် အောင် (တွံတေး)၊ စိန်ဝင်းမော်၊ ရဲရင့်နဒီ၊ မော်(သန်လျင်) တို့၏ ကဗျာ၊ ဟာသ၊ ဖြစ်ရပ်မှန်၊ ဝတ္ထုတိုနှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူးမည်း   သရုပ်ဖော်ပုံ   ဝေဝေဆာဆာဖြင့်   စီစဉ်တင်ဆက်ထား သည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ငွေကျပ် ၂၅ဝဝ နှုန်းဖြင့် စာပေဗိမာန် စာအုပ် အရောင်းဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ၀၂- ၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူ ရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁- ၃၈၁၄၄၈ တို့သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်