ကျေးလက်ဒေသ အသေးစားစက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကြည့်ရှုအားပေး

 

ကဝ စက်တင်ဘာ ၁၇


ပဲခူးတိုင်းဒေသကြီး      ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  တိုင်းဒေသ ကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ   ယနေ့နံနက်ပိုင်းတွင် ကဝမြို့နယ်    သပြုကျေးရွာသို့ ရောက်ရှိပြီး    ဒန်နှင့် သံထည် ပစ္စည်းများ   အရည်ကြိုပုံသွင်း ထုတ်လုပ်  ဆောင်ရွက်လျက်ရှိ သည့်  အသေးစား  စက်မှုလက်မှု လုပ်ငန်းများကို     သွားရောက် ကြည့်ရှုအားပေးသည်။


ကြည့်ရှုစစ်ဆေး


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်   သပြုကျေးရွာ တိုက်နယ်ဆေးရုံ  ကျန်းမာရေး ဝန်ထမ်းများနှင့်   တွေ့ဆုံကာ ကျန်းမာရေးသုံး အထောက်အကူ ပြုပစ္စည်းများနှင့်   ထောက်ပံ့ငွေ များပေးအပ်ပြီး ကဝ-သပြု-ရှမ်း ကံ ကျေးလက် မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ်    အဆင့် မြှင့်တင်လုပ်ငန်း ဆောင်ရွက်နေမှု ကို  ကြည့်ရှုစစ်ဆေးသည်။ 


ယင်းနောက်  သပြုကျေးရွာ ဇရပ်ကျောင်း     ဘုန်းတော်ကြီး ကျောင်းသို့    သွားရောက်ပြီး  လှူဖွယ်ဝတ္ထု       ပစ္စည်းများ၊ ကျန်းမာရေးသုံး အထောက်အကူ ပြုပစ္စည်းများနှင့် နဝကမ္မအလှူ ငွေများ   ဆက်ကပ်လှူဒါန်း သည်။


ထောက်ပံ့ငွေများ ပေးအပ်


ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  ကဝမြို့ပေါ်ရှိ မြို့တွင်းလမ်းများ၊    အုတ်ရေ မြောင်းနှင့်   ပလက်ဖောင်းများ ပြုလုပ်နေမှုကို  လည်းကောင်း၊ ဝန်ထမ်းအိမ်ရာနှင့်  ကဝမြို့မဈေး တည်ဆောက်မည့် မြေနေရာတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကဝမြို့    ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေး   ဝန်ထမ်းများထံ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့်   ထောက်ပံ့ငွေများ ပေးအပ်သည်။


လမ်းခင်းနေမှု ကြည့်ရှု


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်      ကဝမြို့ ငါးထပ်ကြီးဘုရားဝင်း၌ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ထိုးနှံ နေမှုကို  ကြည့်ရှုပြီး  ကျန်းမာရေး ဝန်ထမ်းများနှင့်  စေတနာ့ဝန်ထမ်း များအတွက်   ကျန်းမာရေးသုံး အထောက်အကူပြု  ပစ္စည်းများနှင့် ထောက်ပံ့ငွေများ   ပေးအပ်ကာ ကဝမြို့အဝင်  တံတားပြန်လည် အဆင့်မြှင့်တင်နေမှုနှင့်    အင်းတ ကော်-ကဝ-အုန်းနှဲ    လမ်းကို ကတ္တရာထပ်ပိုးလွှာ လမ်းခင်းခြင်း လုပ်ငန်း    ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။                        

သတင်းစဉ်