
နေပြည်တော် စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ဝေါမြို့နယ် ဧကရာဇ်-နောင်ပတ္တရာ-သဘော့ကန် ကျေးလက် လမ်း (၁) မိုင်(၃ ဒသမ ၈၈)ဖာလုံ ကွန်ကရစ်လမ်းခင်း နေမှုကိုလည်းကောင်း၊ ကျိုက်လှကျေးရွာရှိ အထွက် ကောင်းစပါး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ခင်းတွင် မတူညီစပါးမျိုးကွဲ ရင့်မှည့်နေမှုကို လည်းကောင်း၊ ဝေါမြို့နယ် မိုးယွန်းကြီး ဇွဲဘတ်တာသို့လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အင်းတိုင်စုကျေးရွာအဝင် ကိုဗစ် စစ်ဆေးရေးဂိတ် တာဝန်ထမ်းဆောင်သူများအတွက် Mask နှင့် Hand Gel ဘူးများ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးမြို့ ကလိဆေးရုံ၌ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှု၊ Liquid Oxygen Station တည်ဆောက်ရန် စက်ပစ္စည်းများ ရောက်ရှိ နေမှု၊ ပဲခူးမြို့အထွက်မှ ကလိလမ်းဆုံအထိ လမ်းဘေးဝဲ/ယာ အရိပ်ရသစ်ပင်များ စိုက်ပျိုးထားရှိ မှု၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ GAqP စနစ်ဖြင့် ငါးမွေးမြူရေးကန် တည်ဆောက်နေမှု၊ ဒေသငါးမျိုး ငါးမုတ်နှင့် ငါးခုံးမ ငါးသားပေါက် မွေးမြူ နေမှု၊ ပဲခူးမြို့တွင်းရှိ ဟင်္သာလမ်းနှင့် (၃၃)လမ်း ကွန်ကရစ်လမ်းခင်းခြင်း၊ အုတ်ရေမြောင်းနှင့် ပလက် ဖောင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်