ရုရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၇၈၅၆ ဦးရှိ

မော်စကို  စက်တင်ဘာ  ၆


ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၁၇၈၅၆ ဦး ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင်  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၇၀၃၀၄၅၅ ဦးရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေး စင်တာက ယနေ့တွင် ပြောကြားသည်။


ပြန်လည်ကျန်းမာလာသူ၆၂၈၅၀၀၇ ဦးရှိ


ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၇၉၀ ရှိသဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့်   သေဆုံးသူစုစုပေါင်း ၁၈၇၉၉၀ ရှိလာကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့်   ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ  ၁၄၂၇၆ ဦးထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၆၂၈၅၀၀၇ ဦးရှိလာကြောင်း သိရသည်။


မော်စကိုမြို့၌ ကူးစက်မှုအများဆုံး


မြို့တော်မော်စကိုသည်  ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံးဒေသဖြစ်ပြီး လွန်ခဲ့ သည့်တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ရသူ ၁၄၆၃ ဦးရှိခြင်းကြောင့် မြို့တော်တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၅၇၆၈၁၈ ဦးရှိလာကြောင်း သိရသည်။
ဒေသတွင်းမီဒီယာများ၏  သတင်းထုတ်ပြန် ချက်အရ  ရုရှားနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီးသူ စုစုပေါင်း ၃၈ ဒသမ ၃ သန်းကျော်ရှိကြောင်း သိရသည်။ 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်
n